"ဘာပေါက်ကရမှမလုပ်ဘူးနော် ကြားလား သုံးယောက်လုံး"
"သားသား ဒယ်ဒီပြောနေတယ် ဖြေလိုက်လေ"
"ဟုတ်ကဲ့ဂျ"
အမယ် ၊ အဓိက ခင်ဗျားလေးကိုပြောနေတာ ခ ရဲ့။
ဒီနေ့ RENO ကလဲ Company သွားရမှာ ၊ အကို Ram ကလဲ ဆေးရုံ ကိစ္စနဲ့မို့ တစ်ခါထဲ တူတူသွားမလို့ ဆုံးဖြတ်ထားသည်။စိတ်မချရတာကတော့ အိမ်က ကလေးသုံးယောက်ပါ ၊ ခ ကလဲ ဘယ်လိုမွှေမလဲမသိ ၊ ဘုန်းခန့်လေးကလဲ ကိုယ်မရှိရင် ထိန်းမနိုင်သိမ်းမနိုင်လေးရယ်။
"ပြောနေတာကြားလား Baby"
"ကြားတယ်လို့ သွား သွားကြတော့လေ"
"အင်း စိတ်ချမယ်နော်"
တစ်ကယ်ပါပဲ Daddy ဟာလေ အပြင်သွားရမဲ့သူကို ပူရမှာကို အိမ်မှာနေခဲ့သူကို ပူနေရှာတာ ၊ မနက်ထဲက တစ်ခုပြီးတစ်ခုမှာနေလိုက်တာ မပြီးတော့ဘူး။
"အဟမ်း ! ကိုကိုသွားတော့လေ နောက်ကျနေဦးမယ်"
"အင်းပါ စိတ်ချမယ်နော် ဘုန်းခန့်လေးလာ ဒယ်ဒီ့ကို အာဘွားပေးပါဦး"
"အူးးးမွ"
"အာ လိမ်မာလိုက်တာကွာ လိမ်လိမ်မာမာနေခဲ့နော် ပါပါးကို ပင်ပန်းအောင်မလုပ်ရဘူး ကြားလား"
"ဟုတ်ကဲ့ဂျ"
ဟူး ! ကိုကိုဒီနေ့ Company သွားဦးမှာလား။လုပ်စရာတွေက တစ်ပုံကြီးပါဆို ခုထိ အိမ်ထဲကနေ မကြွနိုင်သေးဘူး။
"ဟျောင့် သွားပြီ ဘယ်မှာလဲ စာ ငါ့ကိုပြစမ်းပါ"
"မင်းကလဲ အေးဆေးပေါ့ အိမ်ထဲအရင်သွားမယ်လာ"
"ဘုန်းခန့်လေးကိုက ပါပါးချီမယ်နော်"
"ဟုတ်ကဲ့ပါခညာ"
စာ ဟုတ်သည် ၊ စာ ၊ ဒီနေ့မနက် ဟိုးဘက်အိမ်ကနေ ဒီဖက်ကို ဒိုင်ဗင် ထိုးဆင်းလာတဲ့စာ။
ငါ့သားသားလေးကို ဟိုအဖူးမ ထပ်ငြင်းလိုက်ပြန်ပြီလားမသိဘူး ၊ ကိုကို့ကိုလဲ သွားမပြောရဲဘူး ၊ သားသားလေး ပထမတစ်ခါ အငြင်းခံလိုက်ရထဲက အဲ့ဘက်အိမ်က ဟာတွေကို ကိုကိုကရှယ်တုတ်ချင်နေတာ။
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.