အပိုင်းခုနှစ်

2.2K 180 13
                                    

*Jimin,ညနေကျရင် မုန့်သွားစားကျမလား*

အတန်းထဲကိုဝင်လာတဲ့hoseokက လွယ်အိတ်ကိုစားပွဲပေါ်တင်ရင်းမေးသည်။ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့လေ။စာမေးပွဲပြီးတဲ့အထိမ်းမှတ်နဲ့သွားစားမှာထင်တယ်။

*မင်း သွားချင်ရင်သွားလေ*

*ဘာကြီးလဲ မင်း စကားကလည်း..ငါက မင်းနဲ့သွားချင်လို့ကို*

*အေးလေ .မင်းသွားချင်ရင် ငါလိုက်ခဲ့မယ်လို့ပြောတာ*

*တကယ်..*

*အင်း*

*ယေ့...ဒါဆို ဖြေပြီးတာနဲ့ သွားမယ်နော်..ငါ အိမ်ကို ပြောထားပြီးပြီ လျှောက်လည်မှာကို*

*အင်း..အင်း..*

ကျောင်းပိတ်ရင် မတွေ့ဖြစ်တော့ဘူးလေ။ဒါကြောင့် သူလည်းhoseokပျော်အောင်လို့လိုက်လျောပေးလိုက်သည်။အစကတော့ဆရာjeonနဲ့  ဦးjinတို့ဆိုင်မှာ partyအသေးလေးလုပ်မလားလို့ စဉ်းစားထားတာ။ဒါပေမယ့်လည်း ရပါတယ်လေ။မိုးမချုပ်ခင် ပြန်လာရင် ဖြစ်တာဘဲကို။အပေါင်းသင်းဆိုတာကလည်းသူ့အတွက် တစိတ်တပိုင်းအရေးပါတယ်လေ။အထူးသဖြင့်hoseokက သူ့အတွက် အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းဘဲ။သူ့ကိုဆိုအမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ ပြောဆိုနေတက်တာ။ဒီရက်တွေမှာ သူတို့မတွေ့ဖြစ်ဘူးးလေ။

ကိုယ့်အတွေးနဲ့ကိုယ်ဘဲ စီးမြောနေရင်း နောက်ဆုံးနေ့ နောက်ဆုံးးဘာသာ အတွက်အားတင်းလိုက်တော့သည်။

စာမေးပွဲရက်တွေတိုင်းjiminတယောက်ဆရာjeonအိမ်ကို ချောင်းပေါက်မတက်သွားသည်။ဆရာကလည်း စာမေးပွဲရက်မို့လို့ထင်သည် အရင်ကလို မောင်းမထုတ်တော့ဘဲ သူမလာရင်တောင် အိမ်ရှေ့ကနေ လှမ်းခေါ်တက်သေးသည်။ပြောရရင် ပိုပိုပြီး ရင်းနှီးလာတယ်ပေါ့။ဆရာ့အိမ်သွားရင်ဘဲလ် တီးစရာမလိုဘဲ ကိုယ့်ဘာသာဖွင့်ပြီး ဝင်သွားလို့ရတဲ့အထိပေါ့။ဆရာကရုပ်တည်ကြီးနဲ့နေပေမယ့် တခါတလေ သဘောတော့ကောင်းရှာပါတယ်။

"ဖေဖေက ဩဇီသွားတယ်။သူတယောက်ထဲ ကျန်ခဲ့တာလို့ "ပြောလိုက်တော့ ထမင်းပါ ကျွေးသေးသည် ။အိမ်က ထမင်းချက်အဒေါ်ကြီးကို သူ ပြန်လွှတ်လိုက်တာသာသိရင် အဆူခံရမလားဘဲ
________

Can take My Heart(Completed)Donde viven las historias. Descúbrelo ahora