Our Sunset

2.6K 354 109
                                    

Unicode,

နေဝင်ချိန်တိုင်းက အဆုံးသတ်မဟုတ်ပါဘူး... တစ်ခါတလေကျ ကျွန်တော်တို့ အတွေးအမြင်တွေကို ခဏ reset ချပေးတဲ့ အချိန်လည်း ဖြစ်နိုင်ပါတယ်။

Sunset in Hawaii

"မင်္ဂလာပါရှင် ဒီနေ့မှာတော့ လတ်တလော နာမည်ကြီးနေတဲ့ Our sunset ဆိုတဲ့ စာအုပ်လေးကို ရုပ်ရှင် အဖြစ် ပြန်လည် အသက်သွင်းမယ့် စာရေးသူ Jung Hoseok နဲ့ ဒါရိုက်တာကြီး Ray ကို အင်တာဗျူးသွားမှာ ဖြစ်ပါတယ်"

Our Sunset အမည်ရှိ ရုပ်ရှင် ထုတ်လုပ်ရေး အတွက် Conferences တစ်ခုမှာ ဖြစ်သည်။ အနီရောင် ကော်ဇောခင်းထားသော လူသွားလမ်းနဲ့ ကင်မရာမီး တဖြတ်ဖြတ်ကြောင့် Hoseok ကြည်နူးစွာ ပြုံးလိုက်မိသည်။

"Our Sunset ကို ရုပ်ရှင် အဖြစ် ပြောင်းလဲတော့မယ် ဆိုတော့ ဒါရိုက်တာကြီးအနေနဲ့ အဓိဇာတ်ဆောင် မင်းသားနဲ့ မင်းသမီး နေရာအတွက် ရွေးချယ်ထားတဲ့သူ ရှိပါလားရှင့်"

အင်တာဗျူးသည့် သတင်းထောက် ကောင်မလေး အမေးကို ဒါရိုက်တာကြီးက ခေါင်းတညိတ်ညိတ်ဖြင့် တပ်ထားသည့် မျက်မှန်ကို ပင့်တင်လိုက်ရင်း

"အမှန်တော့ ကျွန်တော်တို့ စာရေးသူက မင်းသားရော မင်းသမီးနေရာ အတွက်ပါ စဉ်းစားထားပြီးသား ပြောတယ်၊ အဲ့တာနဲ့ ကျွန်တော်တို့လည်း စာရေးသူရဲ့ အကြံအတိုင်း မင်းသား Kim Taehyung နဲ့ မင်းသမီး Panny တို့ကို ရွေးထားပါတယ် ကမ်းလှမ်းထားပြီးသားပါ သူတို့ဘက်ကလည်း လက်ခံလိုက်ပါပြီ မကြာခင်လည်း ရိုက်ကူးရေး စတော့မှာပါ"

ဒါရိုက်တာပြောလိုက်သည့် မင်းသားနာမည်ကြောင့် စင်အောက်က သတင်းထောက်များ ဆီမှ တီးတိုးအသံပူညံ့ ပူညံ့ ထွက်လာလေသည်။ ထိုထဲမှ သတင်းထောက် အမျိုးသမီး တစ်ယောက်က

"ကျွန်မ သိချင်တာ နာမည်ကြီး မင်းသားတွေ အများကြီးထဲကမှ ဘာလို​့ မင်းသား Kim Taehyung ကို ရွေးချယ်ရတာလဲရှင့်၊ ဟို မင်းသား Kim Taehyung က ပြီးခဲ့တဲ့နှစ်မှာ Club အတွင်းရန်ဖြစ်တဲ့ ကိစ္စ သတင်း ထွက်ထားပြီး အလုပ်တွေလည်း နားထားလိုက်ရတော့ Our Sunset လို အောင်မြင်ပြီးသား စာအုပ်အတွက် ထိခိုက်လာမှာ ဘာညာ မစိုးရိမ်ဘူးလားရှင့်"

Sunset in HawaiiWhere stories live. Discover now