(22.1) သုံးယောက်တစ်ယောက် ..ရှိုးပွဲကြီးစပြီ !

9.1K 1.4K 85
                                    

Zawgyi


"အဲဒါ ဟန်ကောလေ "
ရှုချီက တစ်ဖက်လူရဲ့အမူအယာကြောင့်ရှုပ်ထွေးစွာပြောလိုက်တယ်။

"သူက မင်းအကိုရဲ့ရည်းစားဟောင်းလေ အမ်.. သူတို့တွေက လမ်းမခွဲရသေးဘူး ဒီတော့ သူရဲ့ရည်းစားဖြစ်နေတုန်းပဲ ရည်းစားဟောင်းမဟုတ်သေးဘူး"

"ဘယ်သူ့ရဲ့ရည်းစား?"

"မင်းအကိုရဲ့ရည်းစားလေ"

"ကျွန်တော့်ရဲ့ဘယ်အကိုလဲ"

"ရှောင်ယွီ မင်းဘာလို့ရူးချင်ယောင်ဆောင်နေတာလဲ မင်းမှာ ရှန်ချင်းရှုအပြင် ဘယ်အကိုရှိသေးလို့လဲ"

“အဲဒီလူက ရှန်ချင်းရှုရဲ့ရည်းစားလို့ပြောလိုက်တာလား"

“အင်းလေ"

"မဖြစ်နိုင်တာ!"
ရှန်ချင်းယွီ ဒေါသတကြီးအော်ဟစ်လိုက်တယ်။

"ကျွန်တော့်အကိုရဲ့ရည်းစားနာမည်က လီဟွေ့ !ဟန် မဟုတ်ဘူး အဲဒီဟန်ကို သူ့ဘာသာသူထားလိုက်စမ်းပါ!"

ရှုချီ:???

"ဒါပေမယ့် ဟန်ကောက တကယ်ကြီး မင်းအကိုရဲ့ရည်းစားလေ"

"ကျွန်တော့်အကိုက ဘယ်လိုပြောခဲ့လို့လဲ"

“ဟန်ကောက ပြောခဲ့တာ .. ငါတို့ဘလိုင်းဒိတ်လုပ်တဲ့ညတုန်းက ဟန်ကောက မင်းရဲ့အကိုနောက်ကိုလိုက်လာပြီး မင်းအကိုကိုဆွဲခေါ်သွားခဲ့တာလေ.. မင်းအကို အဲဒီညကပြန်မလာဘူးလို့ မင်းပဲပြောခဲ့တယ်မလား နောက်နေ့မနက်ထိပြန်မရောက်လာဘူးဆိုပြီးတော့လေ .. အဲတုန်းက သူ ဟန်ကောနဲ့အတူရှိနေတာ"

ရှန်ချင်းယွီ ပိုပြီးရှုပ်ထွေးလာသလိုခံစားရတယ်။

"ခဏလေး .. ဟန်ကောဆိုတဲ့တစ်ယောက်က ဘယ်သူလဲဆိုတာကိုအရင်ပြောဦး ခင်ဗျား သူ့ကို အရမ်းယဉ်ကျေးနေတာလားလို့"

ရှုချီ သက်ပြင်းရှုလိုက်တယ်။

"အင်းလေ .. ဘယ်လိုလူမျိုးတွေကများ သူ့ရှေ့မှာရိုင်းရိုင်းစိုင်းစိုင်းပြောရဲမှာတဲ့လဲ သူ့အဖေက ဒီနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်လေ နောက်ပြီး သူ့အကိုကလည်း သူ့အဖေကိုကျော်ပြီး နိုင်ငံရဲ့အဆုံးသာဆုံးလူအသစ်ဖြစ်လာဖို့ကြိုးစားနေတာ.. ငါ ဟိုနေ့တုန်းက မင်းအကိုရဲ့အဆက်အသွယ်တောင်းခဲ့တယ်ဆိုတာကလည်း မင်းအကိုရဲ့အဆက်အသွယ်ကိုယူပြီး ငါတို့မိသားစုကို သူတို့နဲ့စီးပွားရေးပူးပေါင်းတာမျိုး လုပ်နိုင်မလားလို့ .. ဒါပေမယ့် ကြည့်ရတာတော့မဖြစ်နိုင်တဲ့ပုံပဲ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now