Zawgyi
တစ်ယောက် Vs နှစ်ယောက်တိုက်ပွဲ... ချင်းချင်းနိုင်သွားပြီ!
ရှန်ချင်းရှု တက်စီတစ်စီးငှားလိုက်ပြီး ဟန်ချောင်ရဲ့ကုမ္ပဏီကိုအမြန်ဆုံးရောက်အောင်သွားလိုက်တယ်။
သူဝင်သွားချိန်မှာပဲ ရှန်ချင်းယွီနဲ့ ယန်ကျားယွီတို့ပျော်ရွှင်စွာ စကားပြောနေကြတာကို မြင်လိုက်ရတယ်လေ။ ကျစ်!ကျစ်! သူတို့တွေက တကယ့်လက်ဖက်စိမ်းတွေပဲ။ နှစ်ယောက်သာအတူရှိနေရင် သူတို့ရဲ့အရည်ရွှမ်းတဲ့မျက်လုံးတွေနဲ့ လက်ဖက်ရည်အရသာတွေလည်း တူညီနေမှာပဲ။
ရှန်ချင်းရှု ကောင်တာရှေ့ကိုသွားပြီး ဝန်ထမ်းကိုလှမ်းပြောလိုက်တယ်။
"ကျွန်တော်ဟန်ချောင့်ကိုလာရှာတာ"
"ကြိုတင်ချိန်းဆိုထားတာရှိပါသလား"
"ရှိတယ်"
ရှန်ချင်းရှုပြန်ဖြေလိုက်တယ်။"သူကျွန်တော့်ကိုလာဖို့ခေါ်ထားတာ"
"မစ်စတာရှန်ချင်းရှု များလား"
ကောင်တာဝန်ထမ်းကအတည်ပြုလာတဲ့အတွက် ရှန်ချင်းရှုခေါင်းညိတ်ပြလိုက်တယ်။
ဧည့်ကြိုဝန်ထမ်းက မတ်တပ်ရပ်ပြီး သူ့ထံသို့လမ်းလျှောက်လာကာ ဆက်ပြောလာတယ်။
"ဥက္ကဌဟန်က ပြောထားပါတယ် ဒီဘက်ကိုကြွပါ"
ရှန်ချင်းရှု သူမနောက်မှလိုက်ပြီး သူမရဲ့ကတ်နဲ့ စကင်ဖတ်ကာ ဂိတ်တံခါးကိုဖွင့်ပေးတာကိုကြည့်လိုက်တယ်။
"ကျေးဇူး"
ရှန်ချင်းရှု ယဉ်ကျေးမှုအပြည့်နဲ့ပြောလိုက်တယ်။"ကြိုဆိုပါတယ်"
ဧည်ကြိုအမျိုးသမီးက သူမရဲ့တာဝန်ပြီးဆုံးသွားတာနဲ့ တာဝန်ကျရာနေရာကို ပြန်သွားဖို့ပြင်ဆင်လိုက်တယ်။
ရှန်ချင်းယွီနဲ့ ယန်ကျားယွီတို့ကတော့ ရှန်ချင်းရှုအတွင်းကိုဝင်သွားတာကိုမြင်လိုက်ရချိန်မှာပဲ မတ်တပ်ရပ်ကာ အလျှင်အမြန်လျှောက်လာကြတယ်။
ရှန်ချင်းယွီခြေလှမ်းနှစ်လှမ်းလောက်ပြေးသွားပြီး အော်ခေါ်လိုက်တယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Фэнтези_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer