အပိုင်း၁၀(uni/zaw)

23 2 0
                                    

ကိုကို!!!

ခေါ်သံတိုးတိုးလေးကြောင့် တကယ်မှဟုတ်ရဲ့လားလို့

"ဘယ်လိုခေါ်လိုက်တယ် ပူတူးလေး"

"ကိုကိုလို့ခေါ်တာလဲ ဘာလဲမခေါ်ရဘူးလား..."

"ခေါ်ပါ ကိုကိုမကြားလိုက်လို့"

"ပြီးရော မနက်ဖြန်ကျွန်တော် ကျောင်းသွားရမှာ ကိုကိုအိမ်မှာနေခဲ့နော်"

"တစ်နေကုန်လွမ်းရမှာလား ဟင်း"

"ပိုမနေပါနဲ့ စာသွားသင်ရမှာ"

"မနက်ကျောင်းလိုက်ပို့ပေးမယ်"

"အင်း လိုက်ပို့လေ..ဒါဆို အိပ်တော့မိုးချုပ်နေပြီ မနက်အစောထပြီး ရွာဈေးသွားမှာ"

"အိပ်မယ် good night ပူတူး ချစ်တယ်နော်"

"Good night koko"

အောက် အီး အီး အွတ်!!!

ကျလိ ကျလိ !!

‌မနက်၅နာရီထိုးပြီး ကျောင်းသွားမယ့်ရက်ဆို အစောထထမင်းအိုးတစ်လုံးတည် ခြံထဲတံမြက်စည်းလှည်း ၊ ဘုရားပန်းလဲသောက်တော်ရေကပ် ၊ ဆွမ်းတော်တင် ၆နာရီခွဲ ကိုကို့အားနိူးမည် ။

"ကိုကို ထတော့လေ ၆နာရီခွဲနေပြီ"

"အင်း စောသေးတယ်ပူတူး ထပ်အိပ်အုံး"

"မစောဘူးလေ ရွာထဲကလူတွေ မနက်အစောထကြတာ ထတော့"

"အင်းထပြီ မျက်နှာသစ်အုံးမယ်ခဏစောင့်"

အနောက်ဖေးသွားတုန်းလေး ပန်းပင်လေးတွေရေလောင်း တစ်နေကုန်သူမရှိဘူးမဟုတ်လား ကိုကိုကလဲ အိမ်အလုပ်လုပ်တတ်မယ်မထင်ဘူး ။ သူဌေးသားလေးက ပိုက်ဆံပဲရှာတတ်တာ ကျန်တာမရ ။

"ပြီးပြီ ပူတူး သွားကြမယ်လေ"

"သွားမယ်"

"ခဏလေး ပူတူးအိမ်သူခိုးဝင်သွားတာလား"

"မဝင်ပါဘူး ဘာဖြစ်လို့တုန်း"

"တစ်အိမ်လုံး သန့်ရှင်းနေတာပဲ အပင်တွေကိုရေလဲလောင်းထားတယ် ခြံထဲသန့်ရှင်းနေတာပဲ "

"တုံးလိုက်တာပါ ကျွန်တော်လုပ်တာပေါ့ အိပ်ရေးကြီးနေပြီးဘာမှမသိဘူး"

အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)Where stories live. Discover now