မငိုဘဲကျတဲ့မျက်ရည်

10 2 0
                                    

ဒီနေ့က တနင်္ဂနွေနေ့
အပြင်မှာ ကောင်းကင်ကြီးကမဲလို့မှောင်လို့
လေရူးတွေက အဆက်မပြတ်မို့ညတုန်းကဖွင့်ထားတဲ့ပြတင်းတံခါးကိုထပိတ်လိုက်တယ်
မျက်နှာချင်းဆိုင်နံရံက နာရီကိုကြည့်မိတော့မနက်ကိုးနာရီ
သပ်ရပ်မနေတဲ့ဆံပင်တွေကိုတစ်ချက်ထိုးဖွရင်းကုတင်ပေါ်ကဆင်းကာ စီးကရက်ဗူးကိုလိုက်ရှာမိတယ်
စာကြည့်စားပွဲပေါ်ကဆေးလိပ်ပြာခွက်ထဲမီးမမြှိုက်ရသေးတဲ့အထီးကျန်ကောင်လေးကိုယူကာနှုတ်ခမ်းဖျားမှာနေရာပေးထားလိုက်သည်
ထိုင်ခုံပေါ်က ဂစ်တာကိုဘေးရွှေ့လိုက်တော့ ပြာလဲ့လဲ့‌အရောင်မီးခြစ်
ရုတ်တရက်အခန်းထဲပြည့်သွားတဲ့အငွေ့တွေ
တဖြောက်ဖြောက်နဲ့ခေါင်မိုးကိုလာထိတဲ့မိုးစက်ကျသံ
ဘေးအိမ်က ဦးလေးကြီးရဲ့သီချင်းသံ
ပြီးတော့မငိုပါဘဲကျလာတဲ့မျက်ရည်တွေ....

||ပြေးထွက်သွားသောတိမ်တိုက်ငယ်||Where stories live. Discover now