WYFL_1

4.1K 167 9
                                    

ဆူညံလွန်းနေတဲ့ ကလပ်ရဲ့သီချင်းသံတွေကြားမှာ လှုပ်ရှားကနေကြသူတွေက အများကြီး ။ထိုအထဲမှ ထင်းလင်းနေသည်ကတော့ ဂုတ်ထောက်ဆံပင်နှင့် အနက်ခံကိုမှ ကိုယ်ပေါ်မှာတဝင်းဝင်းလက်လက်လာသည့် ရွှေမျှင်လိုလို ၊ငွေမျှင်လိုလို အမျှင်လက်လက်ကလေးတွေပင် ။

ထိုသူရဲ့ ပါတနာဖြစ်ဟန်တူသည့်မိန်းကလေးက dressအနက်ရောင်ဝတ်ထားတာက စင်းနေတဲ့ပေါင်တံတွေကိုတောင်ဖော်ထားတာ ။ ထိုသူနှစ်ယောက်၏ ပူးကပ်ကာခန္ဓာကိုယ်ကိုယိမ်းကနေပုံက သာမန်လူမျိုးတွေမြင်လျှင် မသင့်တော်သော်လည် ဒီကလပ်မှာတော့ ပုံမှန်ဖြစ်တက်တဲ့အလေ့တစ်ခုလိုပင်ဖြစ်နေပြီ ။အဲ့ဒီထက်ဆိုးသည့် အမှောင်ထောင့်ခန်းနားက အဖြစ်အပျက်တွေကိုလည်း ဘယ်သူကမှသိပ်ပြီး ဂရုမစိုက်ကြပေ ။သူတို့အတွက်တော့ ဒါတွေကမဆန်းတော့ပေ ။

သို့ပေမဲ့ ထိုလူနှစ်ယောက်ကိုတော့ ကြည့်နေတဲ့မျက်လုံးတွေရှိနေတာတော့ အံ့သြစရာပင် ။အသေအချာကို တစ်ခုခုအတွက်မနာလိုသည့်အကြည့်တွေ ။အားကျသည့်အကြည့်တွေကပြည့်နှပ်နေသည် ။

"Wowooo..!! "

"O My God! !.."

"What the f**k! "

dance floorမှာပူးကပ်သွားတဲ့အရိပ်နှစ်ခုကြောင့် သူတို့အပေါ်မှာ ကြည့်နေကြတဲ့လူတွေဆီမှ အသံတွေမျိုးစုံထွက်လာကြသည် ။ထိုနှစ်ယောက်ကတော့ တစ်ထပ်ထဲကျနေတဲ့ သူတို့ရဲ့နှုတ်ခမ်းတွေဆီမှာဘဲ အာရုံထားနေကာ နှစ်ယောက်ထဲရှိနေသည့်အလား တရှိုက်မတ်မတ်ကို နမ်းရှိုက်နေကြတာ ။

တဖြည်းဖြည်း လူအုပ်ကြားမှထွက်ထွက်သွားသည့် ပူးပူးကပ်ကပ်နှစ်ယောက်ကို လူအများအကြည့်ကမလွှဲသွားကြ ။

"Darling.. "

နမ်းနေရာမှနှုတ်ခမ်းတွေလွှတ်သွားတော့ ခေါ်လာသည့် အင်္ဂလိပ်သံချွဲချွဲလေးကြောင့် စျာန် သူမခါးပေါ်က လက်တွေကို ဖျစ်ညှစ်ပစ်တော့ နှုတ်ခမ်းပါးတွေက ခပ်ဟဟဖြစ်လာသည် ။နံရံကိုအမှီပြုပြီး ဆက်နမ်းမယ်အလုပ့် စျာန့်နှုတ်ခမ်းပေါ်ကြလာသည့် လက်ချောင်းရှည်ရှည်လေးကြောင့် စိတ်ပျက်စွာ မျက်ခုံးတွေတွန့်မိသည် ။

WYFL (When you find love)Where stories live. Discover now