ရန်ကုန်သွားနေတဲ့ KIA ကားနက်ကလေးအပေါ်၌ မသွားချင်သွားချင်နဲ့ ပါသွားတူဲ့တစ်ယောက်ရှိတယ် ။ ဖုန်းကိုတင်းကြပ်နေအောင်ကိုင်ထားပြီး လာမယ့်ဖုန်းကိုစောင့်မျှော်နေတယ် ။
"အကိုလေး အင်ဂျင်နီယာခန့်ဟိန်းနဲ့တွေ့ဖို့ Dona ဂျပန်ရိုးရာဆိုင်မှာ ညနေ၄နာရီ ချိန်းလိုက်ပါတယ်"
"ကောင်းတယ် "
"ပြီးတော့ Mallဆောက်မှာ ပထမဆုံးခြေလှမ်းဖြစ်လို့ Decorationပိုင်းတွေ လိုပါတယ် အကိုလေးသဘောကျ ပြင်ဆင်ပါ "
"ဟုတ်ပြီ ဆောက်လုပ်ရေးဘက်ရော အဆင်ပြေရဲ့လား ဒယ်ဒီရှိနေသေးတော့အဆင်ပြေမယ်ထင်ပါတယ်"
"ပြေပါတယ်"
"အခုတော့ အိမ်ပဲမောင်းတော့ မာမီ့ဆီသွားမယ်"
"ဟုတ်ကဲ့"
လွမ်းတယ် သိပ်ကိုလွမ်းတယ် အခုမှကားပေါ်မှာပဲရှိသေးတယ် နောက်ရင်းပြန်ဆုတ်ချင်နေတဲ့စိတ်တွေဖြစ်ပေါ်နေတယ် ၊ ပိုက်ဆံရှာရမယ် ပူတူးသက်တောင့်သက်သာနေထိုင်ဖို့ လိုချင်တာတွေဝယ်ပေးနိုင်တဲ့ Sugar Daddyဖြစ်ဖို့ ငွေရှာရမယ် ။
ပူတူးပုံလေး သူခိုးရိုက်လာတာ ပန်းပင်ရေလောင်းနေတဲ့ပုံကလေး ပန်းလေးတွေချစ်မြတ်နိူးတဲ့ပူတူးအတွက် ပန်းခြံလေးဖန်တီးပေးဖို့ စိတ်ကူးထဲတစ်ခုရပြီ ။
ခြံကျယ်ထဲ ကားလေးတစ်စီးဝင်လာပြီး စင်ဝင်ထဲထိုးရပ်သွားလေသည်။ ရိုးရှင်းတဲ့ ၃ထပ်တိုက်ကြီး အတွင်းပိုင်ူအြင်အဆင်များက ရိုးဆင်းစွာ ၊ မိသားစုဓာတ်ပုံများ သစ်သားဆင်ရုပ်ကြီးက ဝင်ဝင်ခြင်း တံခါးမကြီးနားတည်ရှိတယ် ။ ရှေ့ခန်းမှာမူ ဆိုဖာကြီးကြီးတွေနေရာယူလျက် ဧည့်ခန်း လှေကားအကွေးကြီးကထီးထီးမားမား အလုပ်သမား ၁၅ယောက်သာရှိတဲ့ အိမ်ကြီး ။
"ဦးလေး မာမီရော"
"မမြတ်ပန်းဇန်က မီးဖိုခန်းမှာ လူလေးပြန်လာမယ်ဆိုလို့ဟင်းဝင်ချက်နေတယ်"
"ဟုတ်ကဲ့"
သူတို့အိမ်မှာ အလုပ်သမားများတန်းတူထားတယ် အိမ်ဖော်ဆို၍ပြောဆိုရိုးမရှိ ရင်းနှီးမှုဖြင့်သာ ဆက်ဆံကြတယ် ။
YOU ARE READING
အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)
Romanceဤအကြောင်းအရာများသည်စိတ်ကူးယဉ်စာသားသက်သက်သာမက သာသာရဲ့ဘဝတဆစ်ချိုးမှ အမှတ်ရစရာလေးများလဲထည့်သွင်းရေးသားထားပါသည်