အပိုင်း ၁၂

5K 600 7
                                    

Unicode

  
စန်းယွမ်ယွမ် သူမနဖူးကို အုပ်ကိုင်ရင်း နောက်တစ်ခု လဲကိုင်လိုက်ရသည်။
  
ဤတစ်ကြိမ်တော့ တစ်ဖက်က ကြိုဆွေးနွေးထားပုံပေါ်သည်။ အသံအမြင့်ဆုံးနှင့်တစ်ယောက်က အရင်ဦးဆုံးပြောလာ၏။

"မယ်တော့်ရဲ့ကောင်းမွန်လှတဲ့ယွမ်အာလေးရယ်...သမီးရဲ့ခမည်းတော်ကလေ သမီးဘယ်တော့မှ နိုးမလာလောက်တော့ဘူးလို့ချည်း ကျိန်ဆဲနေတာ။ ဒီရက်ပိုင်းတွေမှာ မယ်တော့်မှာလေ သူနဲ့ကွာရှင်းရဖို့ကို ရန်တွေဖြစ်နေရတာ"

စန်းယွမ်ယွမ် : "........"
  
"မယ်တော် အစကတည်းကပြောပါတယ်။အဲ့နာမည်ကြီးက မကောင်းဘူးလို့။ဒါပေမဲ့ သမီးက မရမက ယွမ်ယွမ်[1]လို့ချည်း ခေါ်ခိုင်းခဲ့တာလေ။ အဝေးကြီးမှာ အိမ်ထောင်ကျနေတာကို တစ်ခုခုသာဖြစ်ရင် သမီးဘေးမှာ မယ်တော်နဲ့ခမည်းတော်က ရှိပေးနိုင်မှာမဟုတ်ဘူးလေ ဝူး...ဝူး...ဝူး...မယ်တော်လေ သမီးခမည်းတော်ရဲ့တော်ဝင်စည်းတံဆိပ်ကို ခိုးသုံးပြီး အဲ့ဒီအယုတ်တမာ ဟန်ဘုရင်ကို စာအများကြီးပို့သေးတယ်။ သူက ကန်းချင်ယောင်ဆောင်ပြီး ထိုက်ချိ[2]ပဲ ကစားနေတယ်လေ။ သမီးကိုပြန်ပို့ပေးဖို့ ကတိကိုမပေးဘူး"

ကျိန်းသေပေါက်ကို ကမ္ဘာပေါ်က အမေတွေအကုန်လုံးက အတူတူပါပင်။
  
"မယ်တော်...ညီမလေးမှာ ကျွန်တော်တို့ကို ပြောချင်နေတဲ့ အရေးကြီးတဲ့တစ်ခုခုရှိမယ်ထင်တယ်"

ကြည်လင်ရွှင်ပြသည့်ယောက်ျားလေးအသံက ထွက်ပေါ်လာသည်။

"ညီမလေး နောက်ကျောက်စိမ်းပြားတစ်ခုလဲလိုက်။ မယ်တော်ကြောင့် ငိုမနေနဲ့တော့"
  
"ဟုတ်တယ် ငါ့သားတော်ပြောတာမှန်တယ်"

ခပ်အုပ်အုပ်ယောက်ျားသံတစ်သံက အပြစ်မကင်းသလိုစိတ်နှင့်အတူ စကားဆိုလာသည်။
  
ရုဆ်တရက်ဆိုသလို စန်းယွမ်ယွမ်မှာ သူမ၏ တောင်းဆိုမှုက အတော်လေး ဇာတ်ဝတ္ထုဆန်နေသလို ခံစားလိုက်ရလေသည်။
  
ကျောက်စိမ်းပြားက နောက်တစ်ကြိမ် ဆက်သွယ်မိသွားပြန်သည်။ စန်းယွမ်ယွမ်က အဓိကအချက်ကို တန်းပြောလိုက်တော့သည်။

"ခမည်းတော်၊ မယ်တော်၊ အစ်ကိုတော် ကျွန်မခန္ဓာကိုယ်က အဆင်ပြေပါတယ်။ ဒါကြောင့်စိတ်မပူပါနဲ့တော့။ဒါပေမဲ့ ကြည့်ရတာ ခုတလော လုပ်ကြံသူတွေက နန်းတော်ထဲကို တိုးဝင်လာနေသလိုပါပဲ။ ကျွန်မကို ကာကွယ်ပေးဖို့ လူတချို့လောက်ပို့ပေးလို့ရမလား။....အမ်း...နှစ်ယောက်ဆိုဖြစ်ပါတယ်။ အဆင်မပြေလည်း တစ်ယောက်ပဲ ရပါတယ်"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now