ချစ်ရသူရဲ့လက်ကိုတွဲပြီးတော့ မဟာမြတ်မုနိဘုရားကိုဖူးမယ်လို့ စိတ်ကူးရှိခဲ့ပေမယ့် တွဲရမယ့်လက်က အမျိုးသမီးကြီးတယောက်ရဲ့လက်လို့ ဘယ်သူကတွေးမိမှာလဲ အန်တီရယ်....
"တို့ကို ကြည့်နေတာ မဝသေးဘူးလားချာတိတ်ရယ်...ဘုရားရှိခိုးတဲ့အချိန်တော့ ခနလောက်ချမ်းသာပေးပါအုံး"
အင်္ဂါဂြိုဟ်ရဲ့ တန်ဆောင်းအတွင်းတွင် မေတ္တာသုတ် ကိုအသံနေအသံထားမှန်မှန်ဖြင့် ရွတ်ဖတ်နေသော ချစ်သူအား ကြည့်လို့ဖြင့်မပီးနိုင်ပေ....
"ဒီမှာ...ဒီမှာ တို့ပြောတာကြားလား..."
"ဒီမှာမဟုတ်ပါဘူး ဒေါ်မြခက်ချယ်ရဲ့ သက်ဆိုင်သူပါ"
"တော်တော်စကားတတ်နေကလေးမ"
ဘုရားကြီးအား တပတ်ပတ်ပြီးနောက် မန္တလေးတောင်ပေါ်သို့တက်ခဲ့ကြသည်...
"ဒီမှာ ရှူခင်းတွေတော်တော်လှတာပဲနော်"
"ဟုတ်တယ်အန်တီရဲ့ ဓာတ်ပုံရိုက်မလား သက်လျာရိုက်ပေးမယ်လေ"
ချစ်သူဖြစ်နေတာပဲ တနှစ်ကျော်နေပြီ ဒေါ်မြခက်ချယ်ပုံရယ်ဆိုလို့ သက်လျာဖုန်းထဲတပုံမှမရှိ...
"မင်းနှယ်...ရိုက်တတ်လို့လားကွယ် ဟုတ်မှလဲလုပ်ပါ"
"အန်တီက သက်လျာကိုအထင်သေးတာပဲ...ဟွန့်"
သက်လျာတယောက် သူ့အမျိုးသမီးစိတ်တိုင်းကျ ဓာတ်ပုံရိုက်ပေးပြီး တောင်အောက်သို့လက်ချင်းတွဲကာ ဆင်းလာကြသည်...
"အခုဘယ်သွားအုံးမှာလဲ ခြေထောက်တွေလဲတော်တော်ညောင်းနေပြီရှင့်"
တောင်ပေါ်တက်တာရောဆင်းတာရောက ချစ်ရသူလက်ကလေးကိုတွဲထားတော့ မောသည်လဲမရှိ ညောင်းသည်လဲမရှိ ခုမှသာ....
"အက်တာဆိုအိမ်ပြန်မယ်လေနော်...ကျုံးကိုတော့ ညမှလိုက်ပို့မယ် လူစည်တယ် ညဘက်ဆို..."
ပြောရင်းဆိုရင်း အနားတိုးသွားကာ ခါးပတ်ပတ်ပေးပြီး နဖူးလေးအား နှာဖျားလေးဖြင့် ခပ်ဖွဖွလေးပင် ထိတွေ့လိုက်သည်...
"မင်းနော် အသားယူတာအရမ်းများနေပြီ"
ရှက်ရမ်းရမ်းကာပြောနေပြီး မျက်နှာလေးမှာ နီရဲလာတော့သည်...
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖