City of the Angel (Part-1)

465 27 0
                                    

City of the Angel (Part-1)

'Taemin...´

'.....´

'Taemin na!´

'Nae??´

အ​နောက်​မှ Minho ​ခေါ်သံ​ကြောင့်​ စိတ်​ အာရုံလွင့်​ပြန့်​သွားသည်​ နှင့်​ တစ်​ပြိုင်​နက်​တည်း Taemin ​ရှေ့မှ ​လေ​ပေါ်ပျံဝဲ​နေသည့်​ ​ကျောက်​တုံးများ ဝုန်းကနဲ ပြုတ်​ကျသွား​တော့သည်​..။

'Waeyo?´

အ​နောက်​မှ ပါလာ​သော သူ့ အကို Onew ၏ မျက်​နှာအားကြည့်​ရင်း ထပ်​​မေးလိုက်​​လေသည်​..။

'ငါ အခုတ​လော ခံစားချက်​​တွေ သိပ်​မ​ကောင်းဘူးကွာ..´

Kibum တစ်​​ယောက်​ ​တွေး​တွေးစစနှင့်​ ​ခေါင်းခါရင်း ထပ်​​ပြောလိုက်​​လေသည်​..။ Kibum ခံစားချက်​ မ​ကောင်းဘူးဆိုရင်​ သူတို့ အတွက်​​ကော အားလုံး အတွက်​​ကော မ​ကောင်းလှ..။

'Kibum ah, ဘာ​တွေ မြင်​ပြန်​ပြီလဲ??´

Jonghyun တစ်​​ယောက်​ Kibum ပုခုံးအား ကိုင်​ရင်း​မေးလိုက်​သည်​..။ အခုတေ​လာ Kibum မူမမှန်​တာ သူတို့ အသိပင်​..။

'ငါ Vision ​တွေက အရင်​လို မကြည်​လင်​​တော့ဘူး.. ဘာလို့လဲ မသိဘူး.. တစ်​ခုခုက ငါ့ကို ပြချင်​​နေတယ်​..ဒါ​ပေမယ့်​ အဖြူ​ ​ရောင်​ အလင်းတန်း တစ်​ခုက ငါ့ကို ​မမြင်​​အောင်​ ကာကာ ထားတယ်​..´

'Hyung ကလဲ.. အဖြူ ​​ရောင်​ အလင်းတန်းက ဘာဆန်းလို့လဲ? ဒီမှာ အဖြူ​ ​ရောင်​​တွေပဲ ရှိ​နေတာ ချည်းကို..´

Taemin တစ်​​ယောက်​ တိမ်​လွှာကဲ့သို့ ပါးလွှာလှ​သော ​အရာတွင်​ မတ်​မတ်​ရပ်​​နေ​သော သူတို့ အားလုံး၏ ​ဘေးပတ်​လည်​ရှိ မြူ နှင်းများအား ကြည့်​ရင်း သူအကို အား လှမ်း​နောက်​လိုက်​​လေသည်

'ငါတို့ ငါး​ယောက်​ စလုံး ည​နေကျရင်​ ညီလာခံ တတ်​ရမယ်​ တဲ့..´

Onew ၏ အတည်​​ပေါက်​ စကားသံ​ကြောင့်​ Taemin မျက်​နှာ​ပေါ်မှ အပြုံးများ ​ပျောက်​ကွယ်​သွား​လေသည်​..။

'တစ်​ခုခု မဖြစ်​ပါ​စေနဲ့ လို့ဆု​တောင်းရမှာပဲ..´

Minho လဲ စိတ်​ညစ်​ကာ အားလုံး အား လှမ်းကြည့်​ရင်း ​ခေါင်းငုံ့လိုက်​​လေသည်

City of the Angels(Hiatus)Where stories live. Discover now