အချစ်ဦးဆိုသည့်အရာသည် နှလုံးသားထဲ၌ ထာဝရစွဲကျန်ရစ်စေနိုင်မည့် အမာရွတ်တစ်ခု။
အချိန်က ကုစားသွားလိမ့်မည်ဟူသော အတွေးဖြင့် အားလပ်ချိန်မရှိရလေအောင် အလုပ်ကိုဖိလုပ်ပစ်ခဲ့သည်။
မဟုတ်ရင် မရရတဲ့အချိန်မှာ ပြန်တွေးမိနေဦးမှာမို့။
ခုချိန်လောက်ဆို တစ်ယောက်သောသူကတော့ သူ့မိသားစုလေးနဲ့သူ ပျော်ရွှင်နေလောက်ရောပေါ့....။
ဘယ်လောက်ပဲ ထွက်ပြေးနေပါစေ နားတွေမျက်စိတွေက ပိတ်ထားလို့မှမရတာ။
သူတို့နှစ်ဦးရဲ့ သတင်းအပိုင်းအစတွေဟာ နားထဲဝင်လာတတ်စမြဲ။
ကလေးလေးတောင် ရနေပြီတဲ့လေ။
အချစ်ဦးကို မြေးဦးရတဲ့ထိမမေ့ဘူးဆိုတဲ့စကားက သိပ်မှန်တာရယ်ပါ။
KimTaeHyungက JeonJungkookကို ချစ်တဲ့အချစ်တွေက စာတင်ရလောက်ပါတယ်..။
နောက်ဆုံး သူသိလိုက်တာက JeonJungkookက ဘယ်လောက်စိတ်ကုန်အောင်စိတ်ပျက်အောင်လုပ်လုပ်KimTaeHyungက JeonJungkookဆီကိုပဲ ပြန်သွားနေအုံးမှာဆိုတာပါပဲ....
KimTaeHyungက ရုန်းမထွက်နိုင်တာမဟုတ်ဘဲ သူကိုယ်တိုင်ကျေကျေနပ်နပ်အနစ်မွန်းခံနေခဲ့တာ....။
အလုပ်ထဲမှာ stressတွေပိ၊အစားသောက်လည်းပုံမှန်မစားဘဲ ပေပေတေတေနေမိတဲ့အကျိုုးရလဒ်အနေနဲ့ အစာအိမ်ယောင်ပြီး ဆေးရုံရောက်သည်အထိ။
ပြနေကြဆရာဝန်က ပြောင်းရွှေ့သွားတာကြောင့် သူ့caseကို koreaလူမျ်ိုး ဆရာဝန်တစ်ယောက်က တာဝန်လွှဲပြောင်းယူထားကြောင်းသိရသည်။
KimTaeHyungနဲ့ပတ်သတ်ပြီးကတည်းက ဆေးရုံဆေးခန်းမသွားတော့တဲ့သူက ရက်ချိန်းတွေလည်းပုံမှန်လာမပြတတ်သလို မဖြစ်မနေမှသာ သွားသည်။
"Mr.ခင်ဗျားရဲ့ အစာအိမ်က တော်တော်လေးထိခိုက်နေပြီဆိုတာသိရဲ့လား..?အရင်အပတ်က ရက်ချိန်းရှိရဲ့သားနဲ့ ခင်ဗျားပျက်ကွက်ခဲ့တယ်...ပေးတဲ့ဆေးတွေလည်းကုန်အောင်မသောက်ဘူး...အရက်၊ဆေးလိပ်ဖြတ်ပါဆိုတော့လည်း ခင်ဗျားမလုပ်နိုင်ဘူး....ခင်ဗျားတကယ်ပဲ သေချင်နေတာလား..?!!"