unicode
( Hello
ပထမဆုံးပြောချင်တာကတော့ နိုး အားလုံးကိုတောင်းပန်ပါတယ်။
နိုး ရဲ့ fic up နေတဲ့ acc က log out ကျသွားပီး ဘယ်လိုမှပြန်ဆယ်မရတော့လို့ပါ ။
ပြန်ရမလား စောင့်နေတာ မရတော့လို့ ဒီကနေပဲ ဆက်ရေးသွားပါမယ်အပိုင်း 1 to 9 က နိုး ရဲ့ rl ထဲ ထည့်ထားပါတယ်)
.
.
." အကိုကျိရန်နဲ့ လီယို က ဘယ်အချိန်ပြန်လာမှာလဲ"
အပျင်းပြေစေရင် လီယို ယူလာပေးတဲ့ ရုပ်ပြကာတွန့်လေးဖတ်ရာက ပျင်းလာလို့ ရိပေါ် ချင်းချင်းကိုမော့ကြည့်ပီး ေမးမိတော့ ချင်းချင်း ကရီတယ်
"အိုး....သူတို့အလုပ်တွေပီးစီးမှ ပြန်လာနိုင်မှာပေါ့
ဘာဖြစ်လို့လဲ လီယိုကိုကို ကို လွမ်းလို့လား ""ဒီတိုင်း အရမ်းပျင်းလာလို့ပါ "
ရိပေါ် ပြောပီးခေါင်းငုံ့ပီး စာအုပ်လေးကိုပြန်ကြည့်လိုက်တယ် ။
"ပန်းသီး စားမလား ချင်းချင်းအခွံခွာပေးမယ် "
ရိပေါ် ခေါင်းငြိတ်ပြတော့ ချင်းချင်း က ပန်းသီးခြင်းနဲ့ ဓားလေးနဲ့ကောက်ကိုင်ပီး အခွံခွာတယ်။
ရန်လီယို နဲ့ ကျိရန် က မနက်ဖြန် ရိပေါ် ဆေးရုံဆင်းလို့ရပီ ဖြစ်တာကြောင့် မနက်ဖြန်ပဲ အမေရိက ကိုသွားနိုင်ရန် စီစဥ်နေကြတယ် ။
တစ်စုံတစ်ယောက်ကို မေ့ပစ်နိုင်ဖို့အတွက် ရိပေါ် အဝေးကြီးထိ ထွက်ပြေးရန်လိုအပ်တယ်။
မျက်စိမှိတ် နားပိတ်ပီး အကြာကြီးနေပစ်ပါအုံးမယ် ။အခန်းတံခါးဆီက ဘဲလ်နှိပ်သံကြောင့် ရိပေါ် အာရုံက အခန်းတံခါးဆီရောက်သွားသလို ပန်းသီခွာနေတဲ့ ချင်းချင်းအာရုံကလဲ တံခါးဆီရောက်သွားတယ်။
"လီယိုကိုကို တို့ပြန်ရောက်လာပီထင်တယ်"
ချင်းချင်းက ပြောပီး ပန်းသီးခြင်းနဲ့ဓားကိုချကာ ချက်ချင်းဆိုသလိုထသွားတယ် ။
တံခါးပွင့်သွားတဲ့အခါ မြင်ရတဲ့ လူအချို့က ကျိရန်နဲ့ လီယိုမဟုတ်ခဲ့ပါ ။အဲ့အစား ခပ်ချောချောအန်တီကြီးတစ်ယောက်နဲ့ ရိပေါ်ထက်ငယ်လောက်တဲ့ ကောင်လေးတစ်ယောက်သာ ဖြစ်တယ် ။
YOU ARE READING
Good Bye My Prince