Part // 9 💞 [unicode]

143 8 0
                                    

Hello!!! Lolg time no see!!

Part 9

ပျိုးအိပ်ယာနှိုးနှိုးချင်း မနေ့ညကအကြောင်းပြန်တွေးမိတော့ မျက်နှာပြန်ပူလာသည်။ကိုယ့်ကိုယ်ကိုယ်မယုံသလိုလိုရှိနေတာကြောင့် လက်ကိုဆိတ်ဆွဲကြည့်တော့.....

"အမလေး နာတယ်ဟ!"

သံသာမနက်စာလာမပို့ခင် မောင့်ကိုအရင်ပြန်ခိုင်းရမယ် တော်ကြာဘာလာလုပ်တာလဲ ဘာလဲတွေလုပ်နေဦးမယ် လျှာရှည်မက ၊ အိပ်ရာမှအမြန်ထကာ မောင့်ကိုနှိုးရန်အရှေ့ခန်းသို့ထွက်လာလိမ့်သည်။အိမ်ရှေ့ခန်းကိုရောက်တော့ ခုထိမနိုးသေးတဲ့မောင်‌ အေးလေ ခုမှငါးနာရီရှိသေးတာကို။ အိမ်နေတာတောင် ဘာတွေအလိုမကျမှန်းမသိဘူး မျက်မှောင်ကျုံလို့ ဟီး ဒါပေမဲ့လည်းတစ်မျိုးလေးတော့ချစ်ဖို့ကောင်းသား။

"အဟမ်း!"

"အဏ္ဏဝါ!!"

"အဏ္ဏဝါ"

"မောင်"

"အမေ့!"

ညကအပျော်လွန်ပြီး တော်တော်နဲ့အိပ်မရ မိုးလင်းခါနီးလောက်မှမှေးခနဲအိပ်ပျော်သွားတယ်။ခုလည်း အိပ်မရဘေးနားကနေ ငှက်ကလေးလို ကျလိ ကျလိလုပ်နေတဲ့လူကြောင့်အသည်းယားစွာ ဆွဲဖက်လိုက်တော့ အမေ့ဆိုတဲ့အလန့်အကြားအသံလေးနဲ့အတူ အဏ္ဏဝါရင်ဘက်ပေါ်မှာမှောက်ယက်ကလေး။

"အိပ်နေတဲ့လူကို ဘာလို့နိုးနေတာလဲဟမ်"

"ဟို ထတော့လေ ၊ ခဏနေ သံသာမနက်စာလာပို့တော့မှာ"

"သူလာပို့တော့ကောဘာဖြစ်လို့လဲ မနက်စာစားပြီးမှပြန်မှာပေါ့"

"ဟင်!"

ဪ လျှာရှည်မလာရင်အရစ်ရှည်နေမှာစိုးလို့ သူ့ကိုနိုးပြီးပြန်ခိုင်းမလို့ပါဆိုမှ သူပါမနက်စာတစ်ခါတည်းစားပြီးမှပြန်မယ်နဲ့လာတွေ့နေတော့တယ် တကယ်ပါပဲ ဒီကောင်လေးကတော့။

"ဘာလဲ ကိုကိုကမကျွေးချင်ဘူးလား"

"ခဏ လွှတ်ပေးအုံး"

ရင်ခွင်ထဲကအတင်းရှုန်းထွက်ဖို့ပြင်နေတဲ့လူကြောင့် ပိုတိုးကာဖက်ထားလိုက်ပါသည်။

"မပေးဘူး ၊ ကျွန်တော်မေးတာဖြေ"

"အဏ္ဏဝါ"

"ဘာကို အဏ္ဏဝါလည်း ခုဏကမောင်ဆို"

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now