Zawgyi"မိသားစုဝင်အသစ်လေးတွေကို ကြိုဆိုမယ်"
***
ယခုဆိုလျှင် ရင်သွေးလေးနှစ်ယောက်ကို မွေးဖို့ဆုံးဖြတ်ခဲ့ကြတာကြောင့် ရှန်းအပါအဝင် သူတို့အားလုံးအတွက် အထူးတာဝန်တွေ ကိုယ်စီကိုယ်စီရှိလာကြတော့၏။
ဒေါက်တာ ဦးကောင်းသီဟတို့ကလည်း အထူးကျွမ်းကျင်သောဆရာဝန်တွေနဲ့လက်တွဲပြီး ရှန်းကိစ္စကို တာဝန်ယူလိုက်ကြ၏။ လိုအပ်သည့်ညွှန်ကြားမှုတွေကိုလည်း ပြောပြခဲ့ကြပြီး ရှန်းရဲ့ခန္ဓာကိုယ်ကို စစ်ဆေးမှုတွေ သေသေချာချာလုပ်သလို လိုအပ်မယ့်ဆေးတွေကိုလည်း သွင်းဖြစ်၏။ ဒါ့အပြင် အနီးကပ်စောင့်ကြည့်မှုနဲ့ ဆေးသွင်းရမှာတွေ၊ စမ်းသပ်ရမှာတွေပါရှိနေတာကြောင့် ရှန်းသည် ဆေးရုံမှာ တစ်ပတ်တိတိနေဖို့ဖြစ်လာခဲ့၏။ ထိုကာလကစပြီး အားလုံးရဲ့ဂရုစိုက်မှုတွေကို ရှန်း အပြည့်အဝရခဲ့၏။
ဦးအောင်မြင်နဲ့ ဦးမင်းဗညားတို့ကလည်း ကုသရေးပိုင်းနဲ့ပတ်သက်ပြီး ညွှန်ကြားအမိန့်ပေးနေပြီး တစ်ချက်မလစ်ဟင်းစေပေ။ ဟိုးအဝေးကြီးအထိကိုတောင်ကြိုတွေးပြီး မွေးဖွားဖို့နည်းလမ်းတွေကိုတောင် ဆရာဝန်တွေကို အစီအစဉ်ဆွဲခိုင်းနေပြီဖြစ်၏။
အဏ္ဏဝါကလည်း ရှန်းကို အခုတည်းကစလို့ မွေးဖွားပြီးသည်အထိ အလုပ်ကို မသွားခိုင်းဖို့ ဆုံးဖြတ်ပြီးလေပြီ။ အခုရက်ပိုင်းလေးမှာလည်း ဖုန်းနဲ့ပဲ လှမ်းညွှန်ကြားခိုင်းသည်။ လက်မှတ်နဲ့ တခြားအရေးကြီးလိုအပ်လျှင် စံစံနဲ့လက်ထောက်အတွင်းရေးမှူးကို လာခိုင်းသည်။ တွေ့ဆုံပွဲတွေဆိုလည်း ဗီဒီယိုကွန်ဖရင့်အနေနဲ့သာ စီစဉ်စေ၏။ ဒါတောင် နာရီပိုင်းလေးသာ အလုပ်လုပ်ခိုင်းတာဖြစ်ပြီး ကျန်သည့်တွေးစရာ အလုပ်တွေကိုဆို အဏ္ဏဝါကပဲ အကုန်လုပ်ပေးနေလေ၏။
ထို့အပြင် တခြားသူတွေဆီကနေလည်း တစ်နေ့တစ်မျိုးမရိုးရအောင် ဂရုစိုက်ခံနေရလေတော့ ရှန်းမှာ အားနာမိသလို၊ အနည်းငယ်တောင် ရှက်ချင်ချင်။
ဒါပေမယ့် မတတ်နိုင်လေဘူး။ အလုပ်တွေလုပ်ဖို့မဆိုနဲ့ ရေချိုးခန်းနဲ့ကုတင်ကို လမ်းလျှောက်တာတောင် သူ့ယောက်ျားက ဘေးကနေ အရိပ်တကြည့်ကြည့်ဆိုမှတော့ တခြားကိစ္စတွေဆို သူ့မှာ စကားတစ်ခွန်းနဲ့ အမိန့်ပေးလိုက်ရုံပဲ။ အကုန်လုံးက သူ့အလိုကျ လုပ်ပေးနေကြတော့တာ။

KAMU SEDANG MEMBACA
"My Only One" ✔️
Romansaမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...