Zawgyi
"အချစ်မေတ္တာတွေကြားက
ဆည်းလည်းလေးတွေ ခတ်လွင့်သံ"***
လေးနာရီကြာ ခွဲစိပ်မှုအပြီးမှာတော့ ရှန်းကို အထူးကြပ်မတ်ဆောင်ထဲမှာ စောင့်ကြည့်ကြပ်မတ်ထားလေ၏။
ကလေးလေးနှစ်ယောက်ကိုတော့ ဘယ်သူ့ကိုမှပေးမချီဘဲ သီးသန့်အခန်းထဲမှာ အနွေးသေတ္တာလေးတွေနဲ့ ထည့်လို့ထားပြီး လိုအပ်သည့်စစ်ဆေးမှုလေးတွေကို ပြုလုပ်ထား၏။ ထိုရတနာလေးနှစ်ပါးဟာ (၇)လနဲ့မွေးဖွားလာပေမယ့်လို့ ညှက်ညှက်ကလေးတွေမဟုတ်ဘဲ ထွားကြသလို ဝမ်းသာစရာကောင်းစွာနဲ့ပဲ စိုးရိမ်စရာတစ်ခုမှရှိမနေပေ။ အနွေးသေတ္တာလေးတွေထဲမှာ နို့လေးစို့လိုက်၊ အိပ်လိုက်သာလုပ်ကြပြီး တစ်ခါတစ်ရံမှသာ ညင်သာသည့်လှုပ်ရှားမှုလေးတွေလုပ်ကြသည့်နီနီရဲရဲလူသားလေးနှစ်ယောက်ကို အခန်းမှန်နံရံကနေ ချောင်းကြည့်နေကြသည့်လူတစ်စုကတော့ အရမ်းကိုမှ အသည်းယားလို့နေတော့၏။
အဏ္ဏဝါကတော့ သားနှစ်ယောက်ကို သူနာပြုတွေနဲ့ စိတ်ချလက်ချထားခဲ့ပြီးနောက် မနိုးလာသေးသည့်ရှန်းကို အရမ်းစိတ်ပူတာကြောင့် အထူးကြပ်မတ်ဆောင်ထဲကနေ လုံးဝမထွက်တော့ပေ။ ရှန်းရဲ့ဘေးမှာ ထိုင်မြဲထိုင်နေပြီး အခုထိ ဆေးချိတ်ထားသည့်လက်ကလေးကို ဖွဖွကလေးဆုပ်ကိုင်ထားရင်း ရှန်းကို အရိပ်အခြည်တကြည့်ကြည့်။
(၅)ကြာပြီးနောက်တော့ ရှန်းက မျက်နှာလေးရှုံ့မဲ့လျက် အင့်အဲနဲ့ ခပ်ညည်းညည်းလုပ်ရင်း လှုပ်ရှားလာ၏။
"ရှန်းလေး..."
"ဒါလင် အင့်"
ရှန်းနိုးလာတော့ တစ်ချိန်လုံးစောင့်ကြည့်စစ်ဆေးပေးနေသည့်သူနာပြုဆရာမက လိုအပ်တာတွေထပ်စစ်ဆေးလိုက်ပြီးနောက်တော့ မကြာခင် ရိုးရိုးအခန်းထဲပြောင်းနိုင်ပြီဖြစ်ကြောင်းဆို၏။
ဒါပေမယ့် မသွားခင် အဏ္ဏဝါမှာ ကုတင်ထက်က ကြင်နာသူလေးကို မြတ်နိုးစွာနမ်းလိုက်မိလေ၏။
"ရှန်းလေး... အရမ်းနာနေလားဟင်"
"အင်း"
မျက်ရည်လေးဝဲရင်း ခေါင်းညိတ်သူကြောင့် အဏ္ဏဝါမှာလည်း မျက်ရည်ဝဲရင်း ခြေမကိုင်မိလက်မကိုင်မိ။

VOUS LISEZ
"My Only One" ✔️
Roman d'amourမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...