အပိုင်း ၁၄

4.9K 603 3
                                    

Unicode

  
မုန့်ဝူယုံးက ငိုကြွေးနေရင်း ခေါင်းကိုခါယမ်းသည်။

"ကျန်းကျင်ယွမ် ရှင်ဆက်မပြောနဲ့တော့! တောင်းပန်ပါတယ် ဆက်မပြောပါနဲ့တော့!"
  
စန်းယွမ်ယွမ် မူလစာအုပ်ထဲမှာ ဟန်ရှောင်လက်က ဤသို့ပြောခဲ့တာကို အမှတ်ရနေသေးသည်။

ကျန်းကျင်ယွမ် သူက ငါ့အိပ်ရာပေါ် တွားတက်လာခဲ့တဲ့လူပဲ။ သူ သေမလားရှင်မလားဖြစ်တဲ့အထိ သူ့ကို မျက်နှာသာပေးခဲ့တာ ငါပဲ

ကျစ်~~ကျစ်~~
  
ဟန်ရှောင်လင်က ခေါင်းငဲ့စောင်းကာ သူမကိုကြည့်လာသည်။
  
စန်းယွမ်ယွမ်သည် ဘုရင်ငယ်လေးမျက်လုံးနက်တွေထဲက လိပ်ပြာမလုံသလိုစိတ်ကို တကယ်တော့ မြင်နေရပါ၏။
  
ဟန်ရှောင်လင်ဟာ နားထောင်နေရင်းမှ ပါးစပ်ဟကာ အေးစက်စက်ဆိုလာသည်။

"သူ့ကို လက်ထပ်ချင်တာလား။ မဖြစ်နိုင်ဘူး။ဒီအမျိုးသမီးက အဆင့်အတန်းနိမ့်တယ်။သူက သစ္စာဖောက်အစေခံရဲ့မျိုးဆက်ဖြစ်တဲ့အပြင် အပျိုလည်း မဟုတ်တော့ဘူး။ မင်းမိသားစုက သူ့ကိုသည်းခံနေမှာမဟုတ်ဘူး။ မင်းတကယ်ပဲ သူ့ကိုသဘောကျရင် ပြန်ခေါ်သွား၊ တောရွာမှာ ဖွက်ထားပြီး အလိုလိုက်ပေးလို့ရတယ်။အေး သတင်းသဲ့သဲ့လောက်လေးကြားရရင်တောင် ငါကတော့ သူ့ကို အသူတရာချောက်ထဲ လွှင့်ပစ်မယ်"

စန်းယွမ်ယွမ် : "........"

ဒီဆေးခြယ်တဲ့ပုံစံက တစ်ခုခုမှားနေတာလား။
  
ကျန်းကျင်ယွမ်သည်လည်း သူထိုသို့ပြောလိမ့်မည်ဟု ထင်မထားခဲ့ပေ။
  
သူ မုန့်ဝူယုံးနှင့် ပတ်သက်ဆက်နွယ်မိချိန်မှာ သူမ၌ ဖွင့်မပြောသာသည့်လျို့ဝှက်ချက်ရှိနေကာ ၎င်းက ယောက်ျားနှင့်မိန်းမကြားက လျို့ဝှက်ကိစ္စနှင့် ဆက်စပ်နေသည်ဆိုတာ သူရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

လူငယ်လေး၏ စိတ်ခံစားချက်တွေက သူမနှင့်အတူ တံခါးဝထဲ အလောတကြီးဖြတ်လာစဥ်က ငယ်ထိပ်တက်ဆောင့်နေကာ အချစ်ပြိုင်ဘက်နှင့် အမှတ်ပြိုင်ဖို့ သူ့မှာ တစ်မှတ်၊ နှစ်မှတ်တော့ ရှိသည်ဟု ထင်ထားတာဖြစ်သည်။
  
ဟန်ရှောင်လင်၏ အေးစက်စက်စကားလုံးများနှင့် လောင်းချခံရအပြီးမှာတော့ သူ့နှလုံးသား ထဲမှာ အေးစိမ့်မှုတွေသာ ခံစားရတော့သည်။
  
"ဆရာ ..ကျွန်တော်.."
  
"စကားထပ်ပြောစရာမလိုတော့ဘူး"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt