6.9.2021
မနက်5နာရီထဲက မောင့်ကို အရိပ်တကြည့်ကြည့်နဲ့ပဲ...မောင့်အမေတလှည့် ချစ်တလှည့် မောင့်အတွက် ဆုတောင်းပေးနေကြတယ်လေ။ မောင်အခု ခံစားနေရတဲ့ ဝေဒနာ အမြန်ဆုံး သက်သာစေဖို့လေ။
မနက်လင်းကတည်းက ရွာလိုက်တဲ့မိုးဆိုတာလေ....သဲသဲမဲမဲပဲ...ရင်ထဲမှာတော့ ပူလိုက်တာ...သတိလည်တချက် မလည်တချက်ဖြစ်နေတဲ့ မောင့်ကို သက်သာအောင် ဘာမှ မလုပ်ပေးနိုင်တဲ့ ချစ်...သေလုမတတ်ပါပဲ...covidဆိုတဲ့ကပ်ရောဂါဆိုးကြီးကို မောင်ကျော်လွှားနိုင်မှာပါဆိုတဲ့ ယုံကြည်မှုလဲ ပျောက်ရှနေပြီ...
ချစ်ဘာသာ စိတ်ငြိမ်ဖို့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီးေမာင့်အခြေအနေကို ပြောလိုက်ငိုလိုက်..မောင်အဆင်ပြေမှာပါနော်ဆိုပြီး...အားတင်းရင်းပါပဲ...11:45AM
မောင့်ရဲ့နောက်ဆုံးထွက်သက်လေးကို ခံစားသိလိုက်ရတဲ့နောက်...မောင်မရှိတော့ဘူးဆိုတာ သိလိုက်ရတဲ့နောက်...
မျက်ရည်ကျလာတယ်။
အော်မငိုမိခင် ချစ်ဘာသာ စဉ်းစားနေမိတယ်။ ဒါက တကယ်လား...တကယ်ကြီးလား...အိပ်မက်မဟုတ်ဘူးလား...
နှလုံးခုန်နှုန်းရပ်သွားတာလားဆိုပြီး ရင်ဘတ်နားကပ်ပြီး နားထောင်တယ်။ ရုပ်ရှင်တွေ ဝတ္ထုတွေလိုမျိုး ငိုပြီး မောင့်ရင်ဘတ်ကို ထုလိုက်ရင်များ ပြန်ပြီး အသက်ရှင်လာမလားပေါ့...ဒါပေမယ့်လဲ မထုရက်ခဲ့ဘူး မောင်နာကျင်သွားမှာစိုးလို့ ဖွဖွလေးပုတ်ပြီး မောင့်ကို ခေါ်ကြည့်တယ်။
ပြန်မထူးလာတော့ဘူးပဲ...မောင်တကယ်ထွက်သွားခဲ့ပြီပေါ့...မောင့်အမေ ငိုသံကြားတဲ့အခါ ချစ် ရင်တွေ နာလိုက်တာမောင်ရယ်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း အသံထွက်မလာဘဲ မျက်ရည်တွင်တွင်ကျနေခဲ့တယ်။
မောင်ရယ်...အရွယ်ကောင်းအချိန်လေးမှာ မောင်က ချစ်အနားက ထွက်ခွာသွားပြီလေ...မောင့်ရဲ့ အိုမင်းမှုတွေကို မမြင်တွေ့နိုင်တော့...
စောလွန်းပါရဲ့ကွယ်။
နောက်ပိုင်းတော့လေ...အိပ်မက်ထဲမှာပဲ ဖြစ်ဖြစ် မောင့်ကိုတွေ့ရအောင် မောင်လာပါလားဟင်။
ချစ်တယ် မောင်ရယ်။စိတ်က အဆင်မပြေချိန်ဆို အရင်က ရင်ဖွင့်နေကျ မောင့်ကို တမ်းတမိတယ်။
မောင်...မောင်မရှိတဲ့နောက် ချစ်အတွက် မျက်လုံးနှစ်လုံးပွင့်တိုင်းဟာ မနက်ဖြန်မဟုတ်ခဲ့ဘူး။
အနာဂတ်လဲ မရှိတော့သလို...ဘာအတွက်ရှင်သန်ရမယ်ဆိုတာတောင် မေ့လျော့နေပြီကွယ်။
မောင်နဲ့အတူ ပျော်ရွှင်ရတဲ့ မိသားစုလေး ထူထောင်ကြမယ်လို့ ယဉ်ခဲ့တဲ့ စိတ်ကူးလဲ အလွဲကြီးပါလားကွယ်။လွမ်းတယ်မောင်ရယ်။
တရက်တစ်ရက် အသက်ရှင်ရတာ တကယ် ငရဲလိုပဲ။ သတ္တိတော့ အခုထိ မရှိသေးဘူး...လက်ပေါ် ဓားတင်ဖို့...မနက်မိုးလင်းတိုင်းတော့ တွေးမိတယ် တရက်ကုန်ဆုံးတိုင်း မောင့်ဆီလိုက်ခဲ့ဖို့ တရက်နီးလာပြီပေါ့လို့ စဉ်းစားရင်း.....10.8.2022
11:23PM
YOU ARE READING
မောင့်ဆီသို့
General Fictionဝတ္ထုမဟုတ်ပါ ခံစားချက်ကို ပြက်ရယ်မပြုပါနှင့်။ မဖတ်ချင်ရင် ကျော်သွားနိုင်ပါသည်။ ခံစားချက်ကို မှတ်တမ်းတင်ရုံမျှသာ...