For Unicode
8:53 Am
Tu Tu Tu ~~~ Tu Tu Tu
အဆက်မပြတ်မြည်နေတဲ့ ဖုန်း Noti သံကြောင့် စောင်ပုံကြားထဲမှ လက္တိုးထြက္လာကာ အိပ်ရာဘေးက ဖုန်းကိုရှာနေမိသည်။
ပွင့်ဟလာတဲ့ ဖုန်း screen နဲ့အတူ မပွင့်သေးသောမျက်ဝန်းကို ဖြေးဖြေးချင်းဖွင့်လိုက်ရင်း ကြည့်လိုက်တော့ Birthday Alarm တစ်ခုပင်။
ထိုအခါမှပင် Jane သတိရတော့သည်။
ဒီနေ့ဟာ Jane ရဲ့ 19 နှစ်ပြည့် မွေးနေ့...Jane က Date တွေဆို တော်ရုံမမှတ်မိတတ်တာမို့ အခုလို Birthday အားလုံးနဲ့ တချို့ Date တွေဆို Alarm ပေးထားရတာ...
" အော်.. ဘာလိုလိုနဲ့
ငါတောင် အသက်တစ်နှစ်ကြီးလာပြန်ပြီ "ဖုန်းလေးကိုကိုင်ရင်း စောင်ပုံကြားထဲမှပင် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ကာ ပြုံးနေစဉ်.. တုန်ခါလာတဲ့ ဖုန်းရဲ့အသံကြောင့် ကြည့်လိုက်တော့ မောင့် ဆီမှပင်...
" ဟယ္လို "
" Mornee ကလေးလေး
နိုးပြီလား "တစ်ဖက်မှကြားရတဲ့ ဆူပုတ်ပုတ်အသံလေးကြောင့် ပါးမို့မို့လေးနှစ်ဖက် မြင့်တက်သွားအောင်ပြုံးလိုက်ရင်း...
" အွန်း နိုးပြီပေါ့ ခုပဲနိုးတာ
ဒါနဲ့ အိပ်ပုတ်ကြီးက ဒီနေ့စောစောစီးစီး ဖုန်းတွေခေါ်လို့ပါလား "Jane ရဲ့ ပြုံးစစနဲ့ နောက်ပြောင်ကျီစယ်လိုက်တဲ့အသံလေးကြောင့် တစ်ဖက်မှမောင့်ဆီက ရယ်သံအစ်အစ်လေးထွက်လာသည်။
မောင်ဟာ Jane ထက် နှစ်နှစ်ကြီးသောမိန်းကလေးတစ်ယောက်...
အရမ်းအိပ်ပုတ်ကြီးပြီး အပျင်းကြီးသူ.." အွန်း ဒီနေ့က ကလေးလေးမွေးနေ့ဆိုတော့
မောင်က Birthday wish လေးလုပ်ပေးရအောင်စောစော Alarm ပေးထားတာ "9 နာရီထိုးဆိုတဲ့အချိန်ကို စောသေးတယ်ပြောလာတဲ့ မောင့်စကားကြောင့် Jane ပြုံးရုံသာပြုံးနေလိုက်ပါသည်။
ခဏေနေတာ့ တစ္ဖက္ဆီကထြက္လာတဲ့ Birthday Song သံလေးကိုနားထောင်ရင်း Jane တို့နှစ်ယောက် စကားဆက်ပြောဖြစ်ကြသည်။
YOU ARE READING
ɪᴛ's ᴄᴀʟʟᴇᴅ ʟᴏᴠᴇ ( ᴏɴᴇ sʜᴏᴛ )
Fanfictionမင်းနဲ့စပြီး မင်းနဲ့ဆုံးတဲ့ ဇာတ်လမ်းလေးမှာ မင်းသာအရာရာ ကွယ်ဝှက်ခြင်းမပါတဲ့ချစ်ခြင်းတွေဟာ မင်းအတွက်သီးသန့် မင်းဖြစ်တည်မှုလေးတစ်ခုမှစလို့ ပေါက်ဖွားလာတဲ့ ငါ့ချစ်ခြင်းတွေဟာ မင်းအတွက်ပဲမို့ မင်းသာ ငါ့ရဲ့ အချစ်ဟုခေါ်သော ~~~♥