အပိုင်း ၁၅

4.9K 581 1
                                    

Unicode

  
လူတိုင်း : "......"
  
စန်းယွမ်ယွမ်သည် ဤရှေးဟောင်းဝတ္ထုထဲက ဇာတ်လိုက်မက ဆယ်နှစ်ကျော်ကြာပြီးနောက်ဟူသော ဇာတ်ကွက်မျိုးဖန်တီးထားလျှင်တောင် အပိုင်းသုံးပိုင်းထက် ပိုအသက်မရှင်လောက်ဟု လေးနက်စွာပင် ခံစားမိသွားရသည်။
  
သူမက သိပ်ကို နုံအလွန်းသည်။ မောက်မာကာ စိတ်ကြီးဝင်တတ်သောယုံးယင်ယွဲ့ထက်ပင် ဆိုးဝါးလွန်းသေးသည်။
  
သူမ၏ တုံးအမိုက်မဲမှုက ကောင်းကင်ကြီးကိုတောင် ကွဲစေနိုင်လောက်သည်။
  
ဟန်ရှောင်လင်၏ မျက်လုံးတို့က ပို၍ အေးစက်လာသည်။ ဘုရင်ဖြစ်သူဟာ ပျော်ရွှင်မှုနှက့် ဒေါသထွက်မှုတွေကို မပြတတ်ပေမဲ့ အဝကျယ်အင်္ကျီလက်ထဲက လက်သည်းတွေကတော့ သူ့လက်ဖဝါးထဲသို့ နက်နက်စိုက်ဝင်နေခဲ့ပြီ ဖြစ်သည်။
  
မုန့်ဝူယုံးဟာ သစ္စာဖောက်အစေခံတပ်စခန်းကနေ သူမတော်တဆခေါ်လာခဲ့သော အမျိုးသမီးပင်။ သူ သူမကို ကောင်းကောင်းဖွက်ထားနိုင်ခဲ့သည်။ သူ့လုပ်ရက်က မထိုက်တန်ဆိုတာ သိပေမဲ့လည်း သူမ၏လှပသောမျက်နှာနှင့်ခန္ဓာကိုယ်က ဆောင်ကြဥ်းလာသော ဆွဲဆောင်မှုတွေကိုတော့ ခံနိုင်ရည်မရှိခဲ့ပေ။
  
ယနေ့မှာတော့ သူ့မျက်နှာဟာ လုံးဝကို စုတ်ဖြဲခံလိုက်ရချေပြီ။
  
"မင်းကဘာလဲ။ အဆင့်နိမ့်လူကများ ရာရာစစ အဆင့်အတန်းမြင့်မားတဲ့မင်းသမီးကို ဆန့်ကျင့်ပြီး မလေးမစားလုပ်နေတာလား!"
  
အစိမ်းရောင်အလင်းတန်းတစ်ခုက ဝေ့ဝိုက်ဖြာထွက်လာကာ စန်းယွမ်ယွမ်ကို လက်ညိုးထိုးနေသည့် မုန့်ဝူယုံး၏ လက်ချောင်းကို ဆုပ်ကိုင်ရစ်ပတ်လိုက်ရာ ကျိုးကြေတော့မတက်ပင်။
  
အသစ်ဝင်လာသူက အလွန်တည်ငြိမ်သည့်ပုံစံရှိသည့် ငယ်ရွယ်သောအမျိုးသမီးဖြစ်သည်။တစ်စုံတစ်ယောက်က ဒူးထောက်စဥ်းစားလျှင်တောင် သိနိုင်ပါ၏။စန်းမယ်မယ်က ဤအနက်ရောင်သံမဏိမျှော်စင်လူအုပ်ကြီးက စန်းယွမ်ယွမ်ကို သေချာဂရုမစိုက်နိုင်မည်စိုးတာကြောင့် သူမ၏ကိုယ်ရေးကိုယ်တာလက်ထောက်ဖြစ်သူ အမျိုးသမီးကျင့်ကြံသူအား စေလွှတ်လိုက်ခြင်းပင်။
  
"ရပ်လိုက် သူ့ကို မထိခိုက်စေနဲ့တော့"

စန်းယွမ်ယွမ် အားမရှိစွာပြောလိုက်သည်။
  
"အစေခံတစ်ယောက်က အသိတရားမရှိရင် နှင်သာထုတ်လိုက်လေ။...ဘာပဲဖြစ်ဖြစ် အဲ့ဒီအမျိုးသမီးက ငါတို့အရှင်ကို ခစားခဲ့တဲ့လူလေ"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now