ညနေ(5)နာရီ ကျောင်းဆင်းပြီးသည်နှင့် ရေမိုးချိုး၊ ညစာစားကာ ခုတင်ပေါ်တွင် ကိုယ်စီလှဲလျောင်းနေကြသည့် ဆယ်တန်းအဖွဲ့မနက်4နာရီထရကာ ည12နာရီမှအိပ်ရသည့် သူတို့အတွက် အားလပ်ချိန်သည် များများစားစားမရှိ။
ကျောင်းဆင်းသည့်ညနေ 5နာရီမှ 7နာရီ guideချိန်မစမီ ဤအချိန်လေးသည်သာ ကျောင်းသားအားလုံး၏ ခေတ္တခဏအနားယူနိုင်သည့် အိုအေစစ်လေးဖြစ်နေ၏။
ထို့ကြောင့်လည်း ညနေကျောင်းဆင်းသည်နှင့် အပြေးအလွှားရေချိုးကာ ထမင်းစားပြီးနောက် ရရှိသည့်ခဏတာနတ်စည်းစိမ်အား အပြည့်အဝခံစားကြစမြဲ။
ဤအချိန်စပ်ကြားလေးတွင် တရေးမျှအိပ်ပစ်သူနှင့် တစ်ချို့ကလည်း သက်တောင့်သက်သာ လှဲလျောင်းရင်းအချိန်ဖြုန်းကြလေ၏။
ယခုလည်း ထုံးစံအတိုင်း သူတို့အားလုံးလှဲနေကြပါ၏။
ရာရာက မှန်သားခုတင်ပေါ်တွင် အကျအန အိပ်ပျော်နေကာ ဘေးဘက်မှမှန်သားလည်း အလားတူပင်။
အရိပ်ကလည်း လွင်ပြင့်ခုတင်တစ်ယောက်အိပ်လေးတွင် ပူးကြပ်ကာ လာလှဲနေပြန်ပါလေ၏။
သို့သော် သူတို့နှစ်ဦးကမူ လှဲလျောင်းရင်း မျက်လုံးမှိတ်ထားရုံမျှသာဖြစ်ပြီး အိပ်စက်နေခြင်းမပြုပါလေ။
" ဟူး...ပင်ပန်းလိုက်တာကွာ"
လွင်ပြင့်အသံက တိုးဖျော့နေ၏။
မှိတ်ထားဆဲမျက်ဝန်းနှင့် သက်ပြင်းသံခပ်တိုးတိုးက ပင်ပန်းမှုအတိုင်းအတာကို ဖော်ပြနေသည်။သေချာပါသည်။
လွင်ပြင်က စာညံ့သူတစ်ဦးမဟုတ်ပါ။
ဂုဏ်ထူးအထိ ဆရာများမျှော်မှန်းခံထားရသူပင်။သို့သော် စာတော်သူသည်လည်း အဘယ်အသားနှင့်မှထုထားသည်မှ မဟုတ်။
သွေးနှင့်သားနှင့် သာမန်လူဖြစ်ပြီး stressကိုလည်း ခံစားရတတ်သည်သာ။
အမှန်ကား သူတို့မှာ သာ၍ပင်ဆိုးသေး၏။
ဂုဏ်ထူးဘာသာ ပိုများလာအောင်၊ ထို့ထက် အမှတ်ပိုများလာအောင် စသည့်အကြောင်းအမျိုးမျိုးဖြင့် ဆရာများ၏ ကြပ်မတ်မှုကို အထူးအနေဖြင့် အလူးအလဲ ခံရသေးသည်မဟုတ်ပါလား...
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...