Unicode
Paris ရဲ့မနက်ခင်းက ပုံမှန်လိုပဲသာယာလျက်ရှိသည်..
တနင်္ဂနွေနေ့ဖြစ်တာမို့ လုပ်စရာရေရေရာရာမရှိပါပဲ ဆောင်းဟွန်းနိုးနေမိသည်..။
သို့ပေမဲ့ သူဟာ ရုံးဝန်ထမ်းတစ်ယောက်တော့မဟုတ်ပါဘူး...။
ကိုယ်လက်သန့်စင်ပီးတဲ့နောက်မှာ တစ်ခန်းလုံးကိုမှောင်နေစေတဲ့လိုက်ကာစကိုရှည်တွေကို ဆွဲလို့ဖွင့်လိုက်တော့ အခန်းထဲကို အလင်းရောင်စူးစူးကဝင်ရောက်လို့လင်းသွားသည်..ခွက်တွေထဲက အညိုရောင်ကော်ဖီခွက်ကိုရွေးယူလို့စက်ထဲမှာရနေပြီဖြစ်တဲ့ကော်ဖီတွေကိုလောင်းထည့်လိုက်သည်..။ မနေ့ကကျန်နေသေးတဲ့ပေါင်မုန့်တစ်ခြမ်းကို ပါးစပ်ကကိုက်ရင်း အိမ်ရှေ့ထွက်လာခဲ့တဲ့နောက် သူ့ရဲ့မနက်ခင်းလုပ်ငန်းတွေက ပီးမြောက်သွားသည်..။
ဆွဲလက်စ ပန်းချီကင်းဗတ်ပေါ်က ပန်းချီကားက ပိတ်စဖြူဖုံးအုပ်လျက်ထားတာ နှစ်ရက်လောက်တော့ကြာမြင့်လျက်ရှိပြီ..
စိတ်မပါရင်ဘာမှမလုပ်တတ်တာမို့ ။ မှန်ပြတင်းပေါက်နားမှာ ခြေချိတ်လို့ထိုင်ရင်း တိုက်အောက်ဘက်က လူတွေအများအပြားသွားလာနေတာကိုငေးလို့ကြည့်မိပြန်သည်..။ ငယ်ငယ်ထဲက စိတ်ကူးယဉ်ဆန်တဲ့ ဒီမြို့မှာနေထိုင်ချင်ခဲ့တာ ဆောင်းဟွန်းရဲ့အိမ်မက်တစ်ခုလို့ပြောရမည်..။
ကိုယ်ပိုင်ဘဝတစ်ခုကိုတည်ဆောက်နိုင်ဖို့ဆောင်းဟွန်းကနာမည်ရနေတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်သည်...။ ပြခန်းတစ်ချို့မှာ သူ့ပန်းချီတွေက လေလံတင်ရောင်းရလောင်အောင်နာမည်ကြီးသည်...။ပိုက်ဆံလုံလုံလောက်လောက်ရှာနိုင်တာမို့ ဆောင်းဟွန်းဘဝကငြိမ်းချမ်းသည်..။ အချိန်အားဖြင့် မနက် ၈ နာရီ ။
•••••
" နောက်ကျနေပြီပဲ သေစမ်း...."
နှိုးစက်ဆီကို alarmပေးထားရက်နှင့် ဘာသံမှမကြားပဲအိပ်စက်ပစ်လိုက်တဲ့ ဂျောင်ဝန်းကိုယ့်ဘာသာအပြစ်တင်ရင်း မနက်ခင်းကိုစတင်ရတာ ပုံမှန်အလုပ်တစ်ခုဖြစ်သည်...။ သူဒီကိုရောက်နေတာတစ်ပတ်ခန့်ရှိပီ..။ အလုပ်ကိစ္စလို့ခေါင်းစဉ်တပ်ရင်း အမှန်တကယ်တမ်းမှာစိတ်ထွက်ပေါက်ရှာလို့ ခရီးထွက်လာခြင်းဆိုပိုမှန်မည်...။