146[U&Z]

2.1K 241 1
                                    

[Unicode]

အင်္ကျီလက်ပေါ်မှ သူ့လက်ဖဝါးရဲ့ နွေးထွေးမှုကို သူမ ခံစားလို့ရတဲ့အခါ ထိုနေရာမှာတင် သူမ ခံစားချက်တွေကို လောင်မြိုက်အောင် လုပ်လို့နေ၏။

သူပြောလိုက်တဲ့အခါတုန်းက ခေါင်းကိုပါ အနည်းငယ် ငုံ့ကိုင်းလာသည်မို့ သူတို့ မျက်နှာတွေရဲ့ အကွာအဝေးက ၁၀စင်တီမီတာလောက်သာ ရှိလို့နေပြီး သူ့ရဲ့ ဝင်လေထွက်လေကိုပါ သူမ ခံစားလို့နေသည်။

သူမကို နက်ရှိုင်းစွာ ကြည့်နေတဲ့ သူ့မျက်ဝန်းနက်နက်တွေက သောင်းပေါင်းများစွာသော ကြယ်တွေ လှုပ်ရှားနေတာနှင့် တူနေလေ၏။

သူမကို ကြည့်လာတဲ့ သူ့အကြည့်စူးစူးတွေကြောင့် နင်မုန့် ဆက်ပြီး မကြည့်ရဲတော့ပေ။ သူမရဲ့ နှလုံးသားလေးက အခုန်မြန်နေရင်းပဲ မေးလိုက်သည်။ "ဘာလို့လဲ"

အခန်း အပူချိန်က အနည်းငယ် တိုးသွားပုံပေါ်၏။ သူတို့နှစ်ယောက်ကြား မရေမရာ ခံစားချက်တွေ ရှိနေကြသည်။

တည်ငြိမ်ချင်ယောင် ဆောင်နေတဲ့ သူမကို ဟော်ပေ့ချန် ကြည့်လိုက်ပြီး‌နောက် မျက်လွှာချလိုက်ကာ "သည်းမခံနိုင်လို့...ငါ့ဘေးနား မင်းမရှိတဲ့အချိန်"

နင်မုန့် ကြက်သေ သေသွားသည်။ သူက သူမကို ချစ်ရေးဆိုလာတော့မည်ဟု နင်မုန့် ခံစားလိုက်ရ၏။

သူ့ကို ခိုးကြည့်ရင်း မေးလိုက်သည်။ "ဘယ်လိုဖြစ်လို့လဲ"

ဟော်ပေ့ချန်က တိတ်ဆိတ်နေ၏။

ချောမွေ့နေတဲ့ မိန်းကလေးရဲ့ မျက်နှာကို ကြည့်နေတဲ့ သူ့မျက်ဝန်းတွေက မှောင်မိုက်နေပြီး ဖြည်းဖြည်းချင်း အဖြေပြန်ပေးလိုက်သည်။ "ထျန်းထျန်းလေးက သုန်မှုန်နေပြီ"

နင်မုန့် အဟေဠိဖြစ်သွားသည်။

"သူက မင်းကို လွမ်းလို့လေ"

နင်မုန့်ကတော့ ဆွံ့အလို့သာ သွားရသည်။

ဒီတော့ သူမ မရှိတာကို သီးမခံနိုင်တဲ့သူက ထျန်းထျန်းလေးပေါ့။

ဘာလို့များ အစောကြီးတည်းက မပြောရတာလဲ? ဘာလို့များ ထူးဆန်းတဲ့ ပုံစံဖြစ်အောင် ပြောခဲ့ရတာလဲ? သူမ ထင်လိုက်တာက....

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora