" မယု....။ မယုကို မေခန့် ဘယ်လိုရှင်းပြရမလဲဟင်"
" ဘာကို ထပ်ရှင်းချင်သေးတာလဲ မေခန့်နိုင်။
မင်းကို ဖွင့်ပြောတဲ့ မိန်းကလေး တစ်ယောက်ကိုတောင် ငါဟာ မင်းရည်းစားပါ လို့ မပြောပြနိုင်လောက်အောင် ဘယ်အရာတွေက တားဆီးထားခဲ့လို့လဲ။ သွားလိုက်ပါ။ သူ့ဆီကိုပဲ သွားလိုက်ပါတော့ "" မယု... မေခန့် အခု ရှင်းပြမလို့ လာတာလေ။ စိတ်မတိုပါရစေနဲ့။ သွားချင်တိုင်း သွားခိုင်း ရအောင် မေခန့်နိုင် က အရုပ်လား ၊ ဟင်"
" ဒါဆို တို့ကရော...။ လင်းယုနွယ် ဆိုတဲ့ တို့ကရော မင်း ငြင်းချင်တိုင်း ငြင်းလို့ ရတဲ့ အရုပ်လား။ မင်းကပဲ စိတ်တို ဉီးမယ်ပေါ့။ ရတယ်လေ။ တိုလေ။ "
ပြောပြောဆိုဆို အခန်းထဲ ဝင်ကာ တံခါးကိုပါ
ကလန့်ထိုး ပိတ်သွားတာမို့ ဘုရားစင် ရှေ့မှာပင် ထိုင်ချမိရသည် ။ဒုက္ခ ပါပဲ။
မေခန့် လွန်သွားတာလား။
မေခန့် ငြင်းရတာဟာ သူ့သိက္ခာကို ငဲ့ရုံသက်သက် ဖြစ်တယ် ဆိုတာ မယု တကယ် မသိလေသလား။
သက်ပြင်းကို အသာ ချမိရင်းက စိတ်လျှော့ပြီး အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ဖို့ တွေးရသည်။
ဘုရားစင် အရှေ့မှာ ခေါက်ထားသည့် သစ်သားခေါင်းခု ကို လှမ်းယူ ကာ အနောက်ဖက် ဝရံတာသို့ ထွက်ခဲ့လိုက်သည်။
လပြည့်ည မို့ထင်သည်။ လရောင်က ပြည့်ဝစွာ အလင်းပေးလျက် ။
ဝရံတာ ကြမ်းပြင်ပေါ်မှာ
ကျောဆန့်လိုက်တော့ တစ်ကိုယ်လုံးရှိ အရိုး အဆစ်တို့ က တဖျစ်ဖျစ် မြည်ကုန်သည်။တနေ့လုံး လျှောက်သွားထားသဖြင့် ညောင်းကိုက်နေတာ မဟုတ်လား။
ဒီည တော့ လရောင်အောက်က ဝရန်တာမှာပဲ အိပ်ပျော်ရတော့မည်။
အသေအချာ လဲချ ပြီးတော့မှ တစ်နေ့လုံး
မဖွင့်ဖြစ်တဲ့ ဖုန်း ဆီ လက်ကရောက်ရသည်။Facebook ဖွင့်ကြည့်တော့ မယု အကောင့်လေးက မီးစိမ်းလျက်သား။
ဗန်းမော် သိမ်တော်ကြီးမှာ မေခန့် ရိုက်ပေးခဲ့သည့် နေရောင်နှင့် တစ်သားတည်း ကျနေသည့် ဘေးတစ်စောင်းပုံ profile လေးနဲ့ မယုရဲ့ အကောင့်လေးကို စိုက်ကြည့်နေမိရင်းက အလိုလို ပြုံးမိရပြန်သည်။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....