အပိုင်း(၁)

9.7K 326 4
                                    

မနက်နိုးနိုးချင်း မြင်တွေ့လိုက်ရသည့် မြင်ကွင်းဟာ ငယ်ထိပ်ကိုသွေးဆောင့်တက်ချင်သွားသည်။ လုံးလုံးတစ်ယောက် ခြံပြင်ထွက်ပြီး သဲတွေနဲ့တစ်ယောက်ထဲကစားနေတာကြောင့် မြတ်မောင်တစ်ယောက်လဲ ခြံထဲတွင်သာ မတ်တပ်ရပ်ပြီးကြည့်နေနိုင်တော့သည်။ ဒါ့အပြင် သူ့အဖေကဘယ်ရောက်သွားလဲမသိ။

ကိုယ်တိုင်ကလဲ မပေါ့မပါးကြီးနဲ့မို့ လုံးလုံးကိုအမြဲမကြည့်ရှုနိုင်တာကြောင့် ကုဋေကြွယ်နဲ့သာ စိတ်ချလက်ချလွှတ်ထားပေးလိုက်ပါတယ်။ အခုလူအရိပ်တောင်မတွေ့တော့ချေ။

"လုံးလုံး..သားလာခဲ့"

အဖေဖြစ်သူရဲ့ခေါ်သံကြောင့် ဖင်ဖူးတောင်းထောင်ပြီး ကုန်းထကာ ကွတကွတနှင့် အဖေဖြစ်သူဆီ ပြေးလာခဲ့တော့သည်။

"ဖေဖေ့!"

ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ မြတ်မောင်၏ ခြေထောက်ကို ပြေးဖက်ပြီး ခေါင်းကိုမော့ကာကြည့်‌သည်။

"အမလေး..ကြည့်ပါအုံး..သဲတွေပေပွနေတာပဲ သားအဖေဘယ်ရောက်‌သွားတာလဲ"

"အပြင်ခဏထွက်သွားတာ"

"သားကိုထားခဲ့တယ် ဟုတ်လား"

"ဟုတ်တယ်..ဖေဖေလူဆိုး"

"ဟုတ်ပ..အဲ့ဖေဖေကိုပြန်လာမှ ရိုက်လိုက်မယ်နော်"

"ဟုတ်"

ရွာကိုရောက်တုန်း ရောက်ခိုက်လေးပျော်ပါစေဆိုပြီး သဲနဲ့ဆော့လဲ မဆူပဲလွှတ်သာထားလိုက်တော့သည်။ ကလေးနောက်တစ်ယောက်ပါထပ်ယူထားတော့ သားကြီးရဲ့ဝေယာဝစ္စတွေမှန်သမျှကို ကုဋေကြွယ်ကပဲ ဒိုင်ခံလုပ်ပေးနေရ‌တာနဲ့ မြတ်မောင်ကို‌လဲ ချော်ချက်လဲမှာစိုးလို့ စောင့်ကြည့်ပေးရတာနဲ့
ကု‌ဋေကြွယ်ဟာလဲသနားဖို့ကောင်းပါတယ်။

သဲနဲ့ဆက်ဆော့နေတဲ့ လုံးလုံးကိုကြည့်ပေးနေတုန်း ကုဋေကြွယ်သည် အပြင်ကပြန်လာပြီး
ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ ကိုယ့်ကိုတွေ့တာနဲ့
အနားသို့လျှောက်လာခဲ့တော့သည်။

"ဘယ်တွေသွားနေတာလဲ"

"ဟိုကောင်တွေဆီကိုပါ..အချစ်ရဲ့"

"ကလေးကိုတစ်ယောက်ထဲမထားခဲ့နဲ့လေ"

"ဟမ်..ကိုသွားတုန်းက သားကအိပ်နေတုန်းမို့
ထားခဲ့တာလေ..ပြန်လာတော့ သားကသဲနဲ့ဆော့နေတာတွေ့လို့အမြန်လာတာ အချစ်ရှိနေတော့မှ စိတ်ချသွားတာ"

မြောက်ပိုင်းကပန်း တောင်ပိုင်းကိုနမ်း[Season2]Where stories live. Discover now