Cage Of The Red Rose
Episode 1အခြေခံလူတန်းစားတွေနေထိုင်တဲ့ ရပ်ကွက်မှာတော့ သူတို့ လင်မယားနှစ်ယောက်က လူချစ်လူခင်ပေါပါတယ်။ နေတာက ရပ်ကွက်ထိပ်ကားလမ်းမနားမှာဆိုပေမဲ့ ဇနီးဖြစ်သူ မြနှင်းဆီက သဘောကောင်းပြီး ကူညီတက်သူ တစ်ယောက်မို့ ရပ်ကွက်ထဲက လူတွေက သူမကို ချစ်ခင်ကြတယ်။ သုမအသက် 28နှစ်ခန့်ရှိပြီး ပုဂ္ဂလိကေဆးရံုကသူနာပြုတစ်ယောက်ဖြစ်ပါတယ်။ သူမအလုပ်သွားသည့် အခါတိုင်း ကျောလည်လောက်ရှိသည့် ဆံပင်တွေကို ဆံအုပ်ကလေးနဲ့ထုံးပြီး ယူနီဖောင်းဖြစ်သည့် အဖြူရောင်ရင်ဖုံးနှင့် အနီရောင်ထဘီကို သပ်ရပ်စွာဝတ်ဆင်ထားသည်။
အရမ်းမကြီး အရမ်းမသေးသော သူမရဲ့ ရင်သားတွေနဲ့ တင်ပါးကောက်ကောက် လေးတွေက ယူနီဖောင်းဝတ်လိုက်သောအခါ လွန်စွာလှပပြီး မြင်သူတိုင်းငေးချင်စရာဖြစ်နေတော့သည်။ သူမအသက် 25နှစ်ခန့်မှာ ချစ်သူဖြစ်သူ ကိုအောင်ထိုက်နဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်သက်ပင် သုံးနှစ်ရှိပြီဖြစ်သည်။
ကိုအောင်ထိုက်က ဇနီးဖြစ်သူ မြနှင်းဆီကို အလွန်ချစ်ခင်ပြီး အပြစ်ပြောစရာမရှိအောင်ကောင်းသော ခင်ပွန်းတစ်ယောက်ဖြစ်ပါသည်။ သူ့ရဲ့ မိဘတွေ မင်္ဂလာလက်ဖွဲ့ပေးထားသည့် ကားလေးနဲ့ Taxi မောင်းပါတယ်။ လင်မယားနှစ်ယောက်လံုးအလုပ်နဲ့မို့ သူတို့ ငွေကြေးစုစောင်းမိကြပြီး ပြည့်စုံသောအခါမှကလေးယူဖို့ ဆုံးဖြတ်ထားကြသည်။ သုတို့လင်မယား အရာရာ အဆင်ပြေနေပေမဲ့ တစ်နေ့မှာတော့ ကံကြမ္မာ မုန်တိုင်းတစ်ခုက မြနှင်းဆီကို အဆုံးထိ ဆွဲချသွားပါသည်။
-----------------------------------------
ညနေ 5နာရီခန့်။ ဒီနေ့တော့ ညဂျူတီမကျတာကြောင့် မြနှင်းဆီ သူမရဲ့ ဂျူတီချိန်ပြီးသည်နှင့် ပြန်ဖို့ပြင်သည်။ မိန်းကလေး နားနေခန်းထဲက သူမရဲ့ လော့ကာထဲကို သုနာပြုခေါင်းစောင်းကလေးထည့်လိုက်ပြီး ယူနီဖောင်းကိုတော့ လဲမနေတော့ပဲ အပေါ်က အနွေးထည်တစ်ထည်ဝတ်လိုက်ကာပြန်ဖို့ပြင်သည်။ ထိုစဉ်မှာပင် ဖုန်းဝင်လာသဖြင့် မြနှင်းဆီကိုင်လိုက်တော့ ကိုအောင်ထိုက် ယာဉ်တိုက်မှုဖြစ်ကြောင်း ကြားလိုက်ရသည်။
