ငါအသက်ပြန်ရှင်လာတယ်?

5.1K 164 1
                                    

Unicode

ငါအသက်ပြန်ရှင်လာတယ်?

အပိုင်း ၁

" ရှန်းကု....ရှန်းကု....ကုကု! "

နားစည်ထဲမှာ အော်ခေါ်သံတွေနဲ့ ပြည့်နှက်နေပြီးနောက် ရှန်းကုတစ်ယောက် မေ့မျောသွားတော့သည်။

............................

" အား.....! "

အလင်းရောင်တွေ...မျက်စိစူးတယ်။ ငါ...ငါတကယ်သေသွားပြီလား။ ငါ့ကိုလာခေါ်တဲ့သေမင်းတမန်တွေမှာ မျက်မှန်တွေနဲ့လား။ What the fu*k.

ရှန်းကု တစ်ယောက်သူ့အရှေ့က မျက်မှန်အနက်ရောင်နဲ့ ဝတ်စုံအပြည့်ဝတ်ထားတဲ့ လူနှစ်ယောက်ကို ကြောင်ကြည့်လိုက်သည်။ ထိုလူနှစ်ယောက်က ရှန်းကု ကိုလူထူးဆန်းလိုကြည့်ပြီးနောက်

" ရှန်းကုသခင်လေး...ဘာဖြစ်လို့လဲ "

ဘာဖြစ်လို့လဲ....ဘာဖြစ်လို့လဲ...?

ဟုတ်တယ်။ ဘာဖြစ်လို့လဲ?

သူလက်တွေနဲ့နဘေးကိုပတ်စမ်းကြည့်သည်။ နူးညံနေတယ်။ ငါ ငါနတ်ပြည်ရောက်သွားတာလား။ တိမ်တွေပေါ်အိပ်နေတာလား။ နေအုံးဒါဆိုမျက်မှန်နဲ့သူတွေက နတ်....What? what?

" ရှန်းကုသခင်လေး...."

ရှန်းကုက ထိုသူတွေကို ထပ်ပြီးစေ့စေ့ကြည့်လိုက်ပြန်သည်။ ထိုသူတို့က စကားထပ်ပြီးပြောသည်။

" ရှန်းကုသခင်လေး သခင်ကြီးကနံနက်စာစားဖို့ စောင့်နေပါတယ်။ သခင်လေးလိုအပ်တာရှိရင်ပြောပါ အခုသခင်လေးအဆင်ပြေရဲ့လား "

ရှုပ်ပွနေတဲ့ဆံပင်ငှက်သိုက်ကို ကြည့်ရင်းထိုနှစ်ယောက်ဟာ ရှန်းကုတုန့်ပြန်စကားကိုစောင့်နေကြသည်။ ရှန်းကုမှာ ခေါင်းကုတ်ဖင်ကုတ်ရင်းနဲ့ ခေါင်းကကိုက်ခဲသလိုခံစားလာရသည်။ ထို့နောက် နောက်ထပ် အား.....ဆိုပြီးအော်လိုက်ပြန်တယ်။ အော်ပြီးသည့်နောက်မှာတော့ အိပ်ယာပေါ်မှာမက်တပ်ထရပ်သည်။

" အကိုကြီးတို့ ကျွန်တော်မျိုးလေးကို တစ်ယောက်ထဲထားခဲ့ပါ "

ဝတ်စုံအပြည့်ဝတ်ထားတဲ့ လူနှစ်ယောက်မှာ အော်လိုက်၊ဟစ်လိုက် ဖင်ကုတ်၊ခေါင်းကုတ်၊ ပြုံးလိုက်၊မဲ့လိုက် လုပ်နေတဲ့ ရှန်းကုကိုနားမလည်တော့ဘူး။ သူတို့သိတာက ဒီရှန်းကုအကြောင်းသခင်ကြီးကို ပြောပြရမည်ဆိုတာပင်။ သူတို့ကချက်ခြင်း ရှန်းကုကိုခါးကိုင်းတဲ့အထိ အရိုအသေပေးပြီး အပြင်ထွက်သွားကြသည်။ ထိုအချိန် ရှန်းကုကအိပ်ယာပေါ် မှောက်အိပ်လိုက်ပြီး ဖင်ထောင်ရင်း ခေါင်းအုံးကို မွှေးမွှေးပေးလိုက်သည်။ သူ့ရဲ့ခေါင်းထဲမှာလည်း အတွေးပေါင်းစုံနဲ့ မယုံကြည်နိုင်ခြင်းများစွာသာ။

Am I the mafia's wife?Where stories live. Discover now