၂၈၈။ "ပဉ္စမရိုက်ချက် - ၁၀"

947 74 0
                                    

၂၈၈။ “ပဉ္စမရိုက်ချက် - ၁၀”

“အရိုးစားအဆိပ်က ငါ့အပေါ် သက်ရောက်မှာတဲ့လား၊ အချိန်ဖြုန်းမနေတော့နဲ့၊ မင်းက ငါ့ကို ဒီမှာ သတ်နိုင်ခဲ့ရင်တောင်, ချင်ယွဲ့က မင်းတို့ကို တစ်ယောက်မျှ အလွတ်ပေးမှာ မဟုတ်ဘူး၊ မင်းတို့ ချင်းယန်ကလန်ကနေ အသက်ရှင်ရဲ့ လွတ်မြောက်နိုင်မယ်လို့ စဉ်းတောင် မစဉ်းကြနဲ့” ခဲချန်ဂျုက ဂျန်ဝုရှီကို ခါးခါးသီးသီး ပြောသည်။

“တကယ်လား, ဒါဆိုလည်း” ဂျန်ဝုရှီက ပြုံးလျက် ပြန်ပြောသည်။

ဂျန်ဝုရှီ၏ ပြန်ပြောချက်က ခဲချန်ဂျုကို မသက်မသာ ခံစားရစေသည်။ သို့သော် အနက်ရောင် သားရဲကြီးက မည်သို့မျှ မလှုပ်ရှားဘဲ သည်အတိုင်းသာ ငြိမ်နေသည်။

ဒါက သူ့ကို မသတ်ဘူးလို့ ဆိုလိုတာလား။

ခဲချန်ဂျုက သုံးသပ်နေစဉ်, ရုတ်တရက် သူ့မျက်နှာက ပူလောင်ပေါက်ကွဲလာတာကို သူ ခံစားလိုက်ရသည်။ သူက လက်နှစ်ဖက်ဖြင့် သူ့မျက်နှာကို အုပ်လိုက်သည်။ သူ့မျက်နှာက ရုတ်တရက် ပူနွေးပြီး သူ့လက်ချောင်းများအောက်တွင် စိုစွတ်နေသည်။

သူက လက်ကို ပြန်ခွာ၍ ကြည့်လိုက်လျှင် တုန်လှုပ်သွားသည်။ သူ့လက်များမှာ သွေးများ ပေကျံနေသည်။ မဲနက်သော သွေးများက သူလက်နှစ်လုံးကို ပေနေသည်။ ထို့ပြင် သူ့ရှေ့ လက်ဖဝါးများပေါ်သို့ အရေပြားများက အပိုင်းပိုင်း ကွာကျလာသည်။

“အား.........” ၎င်းအရေပြားများက သူ့မျက်နှာမှ ဖြစ်ကြောင်းကို သိလိုက်လျှင် ခဲချန်ဂျုလည်ချောင်းမှ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်လာသည်။ သူ့မျက်နှာတစ်ခုလုံးက ချော်ရည်လို ဖြစ်နေသည်။ နာကျင်မှုက တိုင်းတာလို့ပင် မရချေ။

“ငါ့မျက်နှာ.... ငါ့မျက်နှာ....” နာကျင်မှုက မချိမဆံ့ ဖြစ်လာ၍ ခဲချန်ဂျုက ဒူးထောက်ကျသွားသည်။ ထို့နောက် သူက ကြောက်လန့်နေကာ တွားသွားလေသည်။ သူ၏ ကြောက်စရာ အနေအထားကို လူများမှ ဖုံးကွယ်ထားချင်လို့ ဖြစ်သည်။ အရေပြားများ ကြွေကျနေသလို သွေးများကလည်း အဆက်မပြတ် စီးကျနေသည်။ ခဲချန်ဂျုက မြေအောက်ခန်းမှာ ရွံ့ရှာစက်ဆုပ်စရာ မြင်ကွင်း ဖြစ်လာသည်။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang