[Unicode]
'Jungkook'
'......'
'Jungkookရေ'
'......'
'Jungkookလို့'
'......'
'Jungkook ထတော့ဆို'
'......'
'Jeon Jungkook!
မင်းနိုးနေတာငါသိတယ်နော် အိပ်ချင်ယောင်ဆောင်မနေနဲ့ 4:30တော့မယ်လို့''......'
'မင်းကလည်း ဒီနေ့ကျောင်းပိတ်တာပဲကို အိပ်ချင်ရင် နေ့လည်မှအိပ်လို့ရတယ်လေ...
လက်မှတ်က 8:00စရောင်းမှာမလို့ 5:30တည်းက သွားတန်းစီမှ ရမှာမို့ပါဆိုနေ.. လိုက်ပို့ကွာ နော်...''......'
'နော်....နော်လို့'
'......'
အိပ်ချင်ယောင်ဆောင်တဲ့လူက နှိုးရခက်တယ်ဆိုတဲ့ စကားအတိုင်း Taehyung တစ်ယောက်ဘယ်လောက်ပဲ နှိုးနေပါစေ အိပ်ချင်ယောင်ဆောင်နေတဲ့ Jungkookကတော့ တုတ်တုတ်တောင်မလှုပ်ပေ။
'Jeon Jungkook!! မင်းမထရင် ငါ့ကိုအဆိုးမဆိုနဲ့နော်'
ကြားရဲ့သားနဲ့ တုတ်တုတ်တောင်မလှုပ်သည်မှာ အမှန်ပင်စိတ်တိုစရာ...
"ရားးးးး... ဟေ့ကောင်! ထ! ထလို့!!!"
အော်သံပေါင်းစုံကို မကြားချင်ယောင်ဆောင်ကာ ကြိတ်မှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေသည့် Jungkook...
Taehyungie Hyungက သူ့အကြိုက်တွေကို အလိုလိုက်တာများလိုတော့ နိုင်စားချင်တိုင်း နိုင်စားနေလေတာ။ ပိတ်ရက်တွေတောင် နားရတယ်မရှိ...
မသွားချင်ပါဘူးဆိုတဲ့ အဲဒီ August Dရဲ့ solo concertကိုပဲ သွားချင်နေတာ။ ဒီတစ်ခါတော့ လုံးဝအလိုမလိုက်နိုင်တော့ပေ။ ဘယ်လောက်နှိုးနှိုး လုံးဝကိုမထ-
"ဘုန်း!!!!"
'အား!! သေပါပြီ။ Hyungie!!!'
Jungkook တစ်ယောက် အတွေးနယ်ချဲ့နေတုန်း Taehyungက အိပ်ယာပေါ်တက်လာတာ မသိလိုက်။
ဝိဉာဉ်ဆိုတော့ အလေးချိန်မရှိလို့ မသိတာလည်းပါတာပေါ့။
အခုတော့ ဟိုက စိတ်ဆိုးပြီး အိပ်ယာပေါ်က ကန်ချခံလိုက်ရလေပြီ။
YOU ARE READING
Taehyungie Hyung
Fanfiction'Hyung ကိုယ့်ခန္ဓာကိုယ်ထဲ ကိုယ်ပြန်တော့ဗျာ' Jungkook... 'မပြန်နိုင်ပါဘူး မင်းနားမှာပဲ တစ်သက်လုံး ကပ်နေမှာ' Taehyung...