21

895 110 61
                                    

Unicode

𝖡𝗂𝖻𝗅𝖾~

ချစ်မိဖို့ အချိန်ဘယ်လောက်ယူရလဲ။

တစ်လလား ၊တစ်ပတ်လား၊ တစ်နာရီလား၊တစ်မိနစ်လား။

အချိန်အကန့်အသတ်မရှိဘဲ ချစ်နိုင်တာလား။

အဲ့လိုချစ်ရအောင် လွယ်လွယ်ကူကူရတဲ့ပစ္စည်းမှမဟုတ်ဘဲ။

မတော်တဆ ချစ်မိတာမျိုးလဲမဟုတ်ဘဲ ဒီလူ့နှလုံးသားက သူ့နှလုံးသားအတွက်ဖြစ်တယ်လို့ သတ်မှတ်နေပြီးသားဘဲ။

ရေစက်အရတွေ့ဆုံရပြီး ကံတရားအရပေါင်းဖက်ရရင် အဖိုးတန် ချစ်ခြင်းဘဲ။

စချစ်မိတဲ့သူက ပိုခံစားရပြီး ပိုချစ်တဲ့သူက လဲ နစ်နာတယ်ဆိုတဲ့ စကားကို ငါသဘောမတွေ့ဘူး။ဘာလို့လဲဆိုတော့ ငါပေးလိုက်တဲ့ မေတ္တာချစ်ခြင်းတွေက တန်ပြန်ရမယ်ဆိုတာ နှလုံးသားက ခံစားမိနေလို့။

ပန်းတွေထဲမှာ နှင်းဆီပန်းက ချစ်ခြင်းရဲ့နက်နဲသောစိတ်ခံစားမှုတွေကို ဖော်ပြတယ်ဆိုရင် ငါက ရေ နှင့်ပစ်ိဖိတ်သမုဒ္ဒရာ ကို ညွှန်ပြမယ်။ကမ္ဘာပေါ်မှာ  ပစိဖိတ်လောက် နက်နဲတဲ့သမုဒ္ဓရာရှိပါ့ဦးမလား။ကြည်လင်တဲ့ရေကို ထိုးဖောက်မြင်နိုင်သလို ငါ့ခံစားချက်တွေကို ချစ်ရသူမြင်နိုင်မယ်။

သဘာဝအတိုင်းပါလာတဲ့ သူ့ပါးချိုင့်တွေလိုဘဲ ငါလဲ သူ့ကို သဘာဝအတိုင်းချစ်လိုက်ပြီ။

ငါ အချစ်မှာနစ်မြောဖို့ အချိန်ဘယ်လောက်မှမယူလိုက်ရပါလား။


ဒီနေ့ငါ့ရဲ့ ကိုယ်ပိုင်ရုံးပိတ်ရက်ဖြစ်တာကြောင့် အိမ်ရာနောက်ကျမှ ထတယ်။ ငါ နိုးလာတော့ မွန်းတည့်နေပြီ။ အောက်ဆင်းလာပြီး မနက်စာနှင့်နေ့လည်စာကို ပေါင်းစားလိုက်တယ်။ ဂျုံလုံးပြုတ်ကို ဇွန်းနဲ့ ဟိုထိုးလိုက် ဒီထိုးလိုက် လုပ်ရင်း အတွေးလွန်တယ်။

"တူလေး.."

"ဗျာ..."

"ဒေါ်လေးခေါ်နေတာ ကြာပြီ ဘာတွေ တွေးပူနေတာတုန်း၊ပိတ်ရက်မှာ အလုပ်ကိစ္စခေါင်းထဲ မထည့်ထားနဲ့ လို့ပြောထားတာကို၊မင်းလဲ မင်းအဖေလိုဘဲ ခေါင်းမာတယ်"

Memories [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now