Part 3 ( ရင်ခုန်သံအစပျိုး)

1.6K 49 2
                                    


ညက ငဝိုင်းတို့၊ ဇေကြီး တို့ နဲ့ အုပ်စုလိုက် ဘီယာ ချထားတာကြောင့် အရင်နေ့ကထက် နေခေါင်းပေါ် ရောက်ချိန်မှ သူနိုးလာလေသည်။ ကိုက်နေသည့် ခေါင်းအား လက်တစ်ဖက်နဲ့ နှိပ်နယ်ရင်း အိပ်ယာထလိုက်သည်။

အသန့်အပြန့်ကြိုက်ပြီး သပ်သပ်ရပ်ရပ် ဝတ်စားတတ်သည့် သူက ခုလဲ ဂျင်းဘောင်းဘီအရှည်နဲ့ တီရှပ် ခဲရောင်အား တွဲဝတ်ထားသည်။ သူ့အရပ်က 5'7'' ဖြစ်တာရော၊ ဗလကြီးတွေတော့ မရှိပင်မယ့် ကျစ်လျစ်တဲ့ body ကို ပိုင်ဆိုင်ထားသည်ကြောင့် ဘာဝတ်ဝတ် သူ့ ခန္ဓာကိုယ်က ကြည့်ကောင်းသည်မှာ သေချာသည်။ ဒီလို ထင်ရတာက သူအပြင်ထွက်တိုင်း ကောင်မလေး တွေ လည်ပြန် ငေးတတ်တာကြောင့်။

ဒီ့အတွတ်လဲ သော်တာ သာယာပြီး သူ့ဆီ အရင်ချဉ်းကပ်လာတဲ့ မိန်းကလေး တွေနဲ့ တွဲသလားဆိုတော့ မတွဲပါဘူး။သူ့ဘဝမှာ ဟန်နီ ဆိုတဲ့ မိန်းကလေး နဲ့တင် အချစ်စစ်နဲ့ ရင်ဘတ်ကြီးနဲ့ရင်းပြီး ချစ်ပေးဖို့ဆိုတာ နောက်ထပ် ထပ်ရှိနိုင်တော့မှာ မဟုတ်ပါဘူး ။

ဟန်နီ ဆိုတဲ့ မိန်းမကို သူ အရမ်းချစ်ခဲ့သလောက် အရမ်းလဲ မုန်းတယ်။ ကျောင်းတတ်ရင်း ချစ်သူတွေဖြစ်ခဲ့တာကြောင့် တစ်ခြားသူငယ်ချင်းမတွေနဲ့ စကားပြောတာကအစ သဝန်တိုတယ် စပြောလာခဲ့တာလဲ သူပဲ၊ စပြီး သစ္စာဖောက်ပြီး သူနဲ့ကြိုက်နေစဉ် တစ်ခြားကောင်နဲ့ပါ ထပ်တွဲခဲ့တာပဲ သူမ ပါပဲ။

ချစ်သူ အလိုကျ သူငယ်ချင်း မိန်းကလေး တွေနဲ့ စစနောက်နောက် ရော၊အခေါ်အပြောပါ ရှောင်ခဲ့ပေးတဲ့ ဒီကောင်ကို တခြားသူငယ်ချင်းတွေက မင်းကောင်မလေးကို တခြားကောင်လေးနဲ့ တွဲနေတာ မြင်တယ်လို့ ပြောလာခဲ့လဲ ဒီမျက်မမြင် အချစ်ကန်းကောင်ကြီးက မယုံခဲ့ဘူးလေ။

ဒါကြောင့်လဲ ကြိုတင်ချိန်းဆိုမထားပဲ သူ့အိမ်ရှေ့ သတိရလို့ သွားတွေ့မှ မင်းကောင်မလေးကို အအေးဆိုင်ဘက် သွားတာတွေ့တယ်၊ခုနေ့ ချိန်းတွေ့ကြမှာမလား ငါ့ကောင်တို့ဆိုပြီး လမ်းမှာတွေ့တဲ့ သူငယ်ချင်း တစ်ယောက် သူ့ကို စကားဆိုလာတာကြောင့်သာ ဟန်နီတို့ နောက်လမ်းက အအေးဆိုင်ဆီ သူ့လိုက်သွားခဲ့တာ။

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Nơi câu chuyện tồn tại. Hãy khám phá bây giờ