𝟒:𝟒𝟔

542 24 0
                                    

"​ရေးး ​နောက်ဆုံး​တော့ပြီးသွားပီကွ!!"
အိမ်အသစ်သို့ ​ပြောင်းလာပြီး ပစ္စည်းများနေရာချပြီး၍
ဆောင်းဟွန်းမှ ဆိုလိုက်သည်။

ပစ္စည်းများ​ရွှေ့ပြီးပြီဖြစ်၍ ရပ်ကွက်အသစ်ထဲသို့ စူးစမ်းရန်​ဆောင်းဟွန်းထွက်လာခဲ့သည်။ ရပ်ကွက်ထဲသို့ အ​တော်အတန်လမ်း​​လျှောက်ပြီး ​ဆောင်းဟွန်းအိမ်၏ နှစ်လမ်း​ကျော်တွင်ရှိ​သော café တစ်ခုထဲသို့ ​အေး​အေး​ဆေး​ဆေး ice coffee ​​ဖြစ်"သောက်ဖို့ဝင်ထိုင်ရန် ​ဆောင်းဟွန်းဆုံးဖြတ်လိုက်သည်။ ဆိုင်ထဲသို့ဝင်ဝင်ချင်း အတွင်းထဲတွင် minimalist စတိုင်ပြင်ဆင်ထားပြီး အပင်​ပေါက်စ​လေး​တွေနဲ့အလှဆင်ထားသည့် ​အေးချမ်းသပ်ရပ်သည့်ဆိုင်၏အပြင်အဆင်ကို ​ဆောင်းဟွန်းစိတ်ထဲမှချီးကျူးမိသည်။ထို့အပြင်လူသိပ်မရှိသည့်အတွက်လည်းပို၍ပင်သ​ဘောကျမိသည်။

ထိုအချိန်တွင် ဆိုင်ထဲမှဝန်းထမ်းတစ်ဦးက
"အကို ဘာများသုံး​ဆောင်မလဲဗျ"
"Umm..ice coffee တစ်ခွက်​လောက်ဗျ"
----
"အကိုမှာထားတဲ့ ice coffee ရပါပီခင်ဗျ"
"​အော် ​ကျေးဇူးပါ ဒါနဲ့ ကျ​နော်နာရီပါမလာခဲ့လို့ ဘယ်နှနာရီ​လောက်ရှိပြီလဲမသိဘူး"
ထိုအခါ ဝန်းထမ်း​ကောင်​လေးမှ သူ၏လက်တွင်ပတ်ထား​သော နာရီကို ကြည့်ကာ "𝟒:𝟒𝟔 ရှိပါပီ" ဟု​ပြော​လေသည်"
ထိုအချိန် ဆိုင်တွင်းသို့ လူတစ်ဦးမှဝင်လာ​လေသည်။
ထိုလူမှာ အလွန်မြင့်​သောအရပ်၊မက်​​မော​စရာ​ကောင်း​သော
ကိုယ်ခန္ဓာ နှင့် ​ချော​မော​သောရုပ်ရည်ကိုပိုင်ဆိုင်ထားသည်ဖြစ်၍
​ဆောင်းဟွန်းကိုယ်တိုင်ပင် သတိလက်လွတ် ​ငေးကြည့်​နေမိ​​လေသည်။ ထို့​နောက်
"ဒီ​နေ့လည်း ပုံမှန်လို americano ပဲလား အကိုဟီဆွန်း"
"ဟုတ်တယ် ဒီ​နေ့လည်းအဲ့ဟာပဲ​ပေး​နော်"
ဟုစကား​ပြောသံများကို ​ဆောင်းဟွန်းကိုယ်တိုင်ပင်မသိလိုက်ဘဲ လိုက်နား​ထောင်​နေမိသည်။ ဒါဆိုထိုကြည့်​ကောင်းတဲ့သူ၏ နာမည်က ဟီဆွန်း​ ပေါ့ နာမည်ကလှသလို လူကလည်းအလွန်​ချောသည်ဟု ​ဆောင်းဟွန်း စိတ်ထဲတွင်​တွေးမိ​လေသည်။ ထို့အပြင် ထို
ဟီဆွန်း ဆို​သောသူသည် americano ကို​ပုံမှန် ​သောက်သည်ဟူ​သောအချက်ကိုလဲ ​ဆောင်းဟွန်း၏စိတ်ထဲတွင်လိုက်မှတ်​နေမိသည်။

𝟒:𝟒𝟔 (HeeHoon)Where stories live. Discover now