အပိုင်း၁၃(uni/zaw)

14 0 0
                                    

ခဏပါဆိုပြီးသွားတာ ကြာတယ် ပြန်မလာသေးဘူး ဒီတစ်ခါလဲနူးယံကပဲထပ်စောင့်ရသူဖြစ်နေပြန်တယ် ကံကြမ္မာကရက်စက်လိုက်တာ စချစ်ရသူဟာကိုယ်ပဲ ကျန်ရစ်ရသူဟာလဲကိုယ်ပါပဲ

မျှော်လင့်ချက်ရေးရေးလေးရှိခဲ့တယ် ဪ ကိုကိုပြန်လာပြီထပ်မခွဲရတော့ဘူးဆိုတဲ့အသိနဲ့ ချစ်ခြင်းတရားတွေထက်တိုးခါမှ နောက်တစ်ကြိမ်ထပ်ခါ ဖြစ်လာခဲ့တယ် ၊ အဆက်အသွယ်မလုပ်ဖူး နေနိုင်တယ်ကိုကိုရယ် ။

ဒီလိုနဲ့ဖြတ်သန်းလာတာ တစ်ပတ်ကျော် စာသင်ရတာစိတ်မပါ စိတ်လေလွင့်နေခဲ့တယ် အိမ်ရောက်လျှင်အရင်လို အသံမကြားရဘဲတိတ်ဆိတ်နေတဲ့အိမ်သို့ ဝင်ရတယ် ။

ဒီညတော့ အိပ်မပျော်လို့ ခြံအပြင်ဘက်လမ်းထွက်လျှောက်လိုက်တယ် ၊ ကောင်းကင်ကြီးမော့ကြည့်တော့ လမင်းကြီးသာလင်းထိန်လို့ တိမ်တွေကမှောင်မိုက် ကြယ်ကလေးတွေနဲ့လမင်းကြီးက‌ေကာင်းကင်တစ်ခွင်အလင်းဆောင်နေတယ် ။

ဟိုဘက်ဒီဘက်လျှောက်ရင်း ရောက်တက်ရာရာအတွေးများနှင့် ထိုသူကိုသာ ရင်ဝယ်ပိုက် အလွမ်းဝေဆာလို့ သူ့အကြောင်းတွေးတိုင်း နှလုံးသားနဲ့နှုတ်ခမ်းဖူးဖူးဟာ ဖွင့်ဟပြုံးနေမိတယ် ၊ ဒီလိုနဲ့ တွေးနေရင်း သူရုတ်တရက်အိပ်ပျော်သွားတယ် အိပ်ချင်နေပြီ မျက်လုံးတွေမှေးစင်းလို့ အနားယူလိုက်ပြီ ။

ဤသည်မှာ လမ်းလျှောက်ရင်းအိပ်ပျော်နေခြင်းမဟုတ် တစ်စုံတစ်ယောက်က နူးယံအနောက်မှ မေ့ဆေးဖြင့် နှာခေါင်းအနီးတစ်ဝိုက်လက်ကိုင်ပုဝါဖြင့်အုပ်လိုက်ခြင်း

ဦး‌ထုပ်အနက်ရောင်ဆောင်း maskအုပ်ထားသူ တစ်ကိုယ်လုံးအနက်ရောင်စိုစိုဖြင့်ထိုလူဟာ နွန်းထက်ဟံဇန်

"ကိုယ့်ကို ခွင့်လွှတ်ပါ တမင်မဆက်သွယ်ပဲနေတာမဟုတ်ပါဘူး"

သူ့ကိုမေ့ဆေးဘယ်လောက်ပေးလိုက်သည်မသိ နောက်တစ်နေ့ထိတော်တော်နဲ့နိုးထမလာသေးပေ

ဒီလိုနဲ့ ရန်ကုန်လေဆိပ်ကနေ ည၇နာရီခွဲကထွက်လာခဲ့ပြီ ကွာလာလမ်ပူကို ည၁၁နာရီခွဲရောက်ခဲ့တယ် Transit time ၁၀နာရီကြာခဲ့ပြီး လေဆိပ်မှာပဲ ညအိပ်ခဲ့တယ် နောက်နေ့မနက် ၉နာကီခွဲမှ ဘာလီကိုခရီးဆက် နေ့လည် ၁၂ခွဲမှရောက်တယ် ။

အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)Where stories live. Discover now