17

1K 80 6
                                    


unicode

.
.
.

"ညက ရှောင်းကျန့် သားနဲ့ရှိမနေဘူးလား။"

မနက်စာစားဝိုင်းမှာ ဘွားကမေးတော့ရိပေါ်နေရခက်စွာပြုံးပြလိုက်တယ်။

"good morning ပါ ။"

ကြားလိုက်ရတဲ့မိန်းကလေးတယောက်အသံကြောင့် ကြည့်လိုက်တော့ ဖေးဖေးနဲ့ အကိုဖြစ်နေတယ်။
ရိပေါ်ရင်ဘတ်ထဲတင်းကျပ်သွားတယ်။

ကျိုးအာနဲ့ယွင်အာကတော့တချက်သာကြည့်ပီး မနက်စာ ဆက်စားနေကြတယ်။

"ရှောင်းကျန့် လာစမ်း ။"

ကျန့်ယဲ့ယင်း ကပြောပီးချက်ချင်းဆိုသလိုခုံမှထသွားတယ်။

အကို့ကိုဆွဲပီးဖေးဖေးကိုကြည့်တယ်။
ပီးတော့အကို့ကိုပြန်ကြည့်တယ်။

"ညကဘယ်တွေသွားနေခဲ့တာလဲ"

"စိတ်မပူပါနဲ့အန်တီယင်းရဲ့ ရှောင်းကျန့်ကညကသမီးနဲ့အတူရှိနေတာပါ။"

ဖေးဖေးစကားအဆုံးရိပေါ် ခေါင်းပါပြာဝေသွားတယ်။

ဘွားကတော့

"အိုးကွယ်"

လို့မသာမယာရေရွတ်ပီးရိပေါ်လက်ကလေးကိုလှမ်းကိုင်တော့ငိုချင်နေတဲ့ကြားကရယ်ပြလိုက်ရတယ်။

ရိပေါ်နဲ့ မဂ်လာဦးညမှာ အကိုကဖေးဖေးနဲ့အိပ်ခဲ့တယ်။

မဂ်လာဦးညရယ်လို့အကို့ဆီကမမျှော်လင့်ခဲ့မိပေမယ့် ဒီလိုရလဒ်မျိုးကတော့ခြောက်ခြားဖွယ်ရာပဲ။

"နင်နဲ့အတူရှိမှာကိုပဲစိတ်ပူတာ ယွန့်ဖေးဖေး
နင်ကဘယ်လိုမိန်းမလဲ
အိမ်ထောင်ရှင်ယောကျာ်းတစ်ယောက်နဲ့အတူအိပ်တာ နင်တော်တော်ရွံစရာကောင်းတာပဲ။"

"ရှောင်းကျန့်ကသူ့ဘာသာသူရောက်လာတာ
ဒါတော့ဖေးလဲမတတ်နိုင်ဘူး
အန်တီယင်းသားအန်တီယင်းမနိုင်ပဲ ဖေးကိုလာအပြစ်မတင်နဲ့။"

ပြောပီးဖေးဖေးကလှည့်ထွက်သွားတယ်။
ကျန့်ယဲ့ယင်း ဒေါသတကြီး ရှောင်းကျန့်ကိုကြည့်လိုက်ပီး

"ရှောင်းကျန့်"

"သားအိပ်ရေးမဝလို့ခေါင်းကိုက်နေတယ်"

Good Bye My Prince Where stories live. Discover now