.
.
.အိမ်တော်ထဲဝင်ဝင်ချင်းမှာပဲ
"အကိုလေးရှောင်းကျန်က အကိုလေးရိပေါ် ကိုခေါ်ခိုင်းလိုက်လို့ပါ။"
ဆိုတဲ့ ကောင်မလေး စကားကြောင့် ထိုကောင်မလေးနောက်ကလိုက်လာမိတော့ ရိပေါ်တစ်ခါမှမရောက်ဖူးတဲ့ အခန်းတစ်ခုရှေ့မှာရပ်တယ်။
အကို့အခန်းထင်ပါရဲ့။
"အကိုလေးဝမ်ရိပေါ် ကိုခေါ်လာခဲ့ပါပီ။"
ကောင်မလေးပြောလိုက်ပီးခဏမှာ အကို့အသံထွက်လာတယ်။
"ဝင်ခဲ့။"
ဘာလို့ခေါ်တာလဲမသိပေမယ့် ရိပေါ်တံခါးတွန်းဖွင့်ပီးဝင်သွားတဲ့အခါ အကိုကခါးထောက်ထားပီးဒေါသထွက်နေတဲ့ပုံစံနဲ့ ရိပေါ်ကို ကြည့်နေတယ်။
"ကျွန်တော့်ကိုဘာလို့ခေါ်တာလဲ
ကျွန်တော်တို့ကြားမှာပြောစရာဘာမှမရှိဘူးထင်တယ်။"ရိပေါ်ပြောလိုက်တော့အကိုက ဒေါသပိုထွက်လာသလိုပဲ။
မတတ်နိုင်ဘူးလေ။အနောက်ကတံခါးပြန်ပိတ်သွားအပီးမှာတော့ အကိုက ခါးထောက်ထားတဲ့လက်ကိုဖြေပီး ရယ်တယ်။
ပီးတော့ ရိပေါ်ရဲ့ရင်ဘတ်ထိကျနေတဲ့ဆွဲကြိုးကနေ ရိပေါ်ကိုစောင့်ဆွဲယူတယ်။
နာသွားတာမို့မျက်နှာမဲ့လိုက်ပေမယ့် အသံမထွက်ခဲ့။
အကို ကရိပေါ်ကိုအရင်ကအတိုင်းသူလုပ်သမျှခံမယ့် အရုပ်လေးလို့ထင်ပုံရတယ်။"မင်းဘာစောက်ဇယားတွေရှုပ်နေပြန်တာလဲ ဝမ်ရိပေါ်။"
အကို့စကားကြောင့်ရိပေါ်ဒေါသထွက်တယ်။
အကိုကဘာတွေစွပ်စွဲနေပြန်တာလဲ။"အကိုဘာတွေလာပြောနေတာလဲ။"
"ငါဘာတွေပြောနေတာလဲဆိုတော့ မင်းနဲ့ရန်လီယိုဖောက်ပြန်နေတာကိုပြောနေတာ။"
"ဖောက်ပြန်ရအောင်ကျွန်တော်ကဘာများလုပ်နေလို့လဲ။
အကို့လိုမိုးလင်းမိုးချုပ် မိန်းမတစ်ယောက်နဲ့ပလူးနေတာမို့လို့လား။ ""ငါ့ကိုခံမပြောနဲ့ဝမ်ရိပေါ် ငါနဲ့လာမတုနဲ့ ငါနဲ့မင်းကမတူဘူး။"
YOU ARE READING
Good Bye My Prince