" Yoongi မင်းဆိုသည်မှာလည်း နည်းနည်းလေးအားချိန်ရတာနဲ့
အိပ်ဖို့ပဲ တွေးနေတယ် "ထုံးစံအတိုင်းပဲ အရှုပ်ထုပ်ကတော့ ဒီလိုအိပ်ကောင်းနေတဲ့
အချိန်ဆို နှောင့်ယှက်ဖို့လာပါပြီ။
ပြီးရင် ဆေးရုံရှေ့က ကောင်ဖီဆိုင်လေးကို အတင်းဆွဲခေါ်ပါတော့မယ်။"အိပ်မနေနဲ့တော့...ထကွာ.."
"ကော်ဖီဆိုင် သွားထိုင်ရအောင်"
ဟော ပြောတုန်းရှိသေး စလာပြီ။
ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမလား!။ဒီအရှုပ်ထုပ်ကိုပဲ ထဆဲရမလား!ဝေခွဲမရ။Kim Seokjin ရေ မင်းနဲ့ခင်မင်မိခဲ့တဲ့ ငါ့ကိုယ်ငါပဲ စိတ်ကုန်ပါတယ်။
သူမထရင်လှုပ်နှိုးနေတဲ့ အရှုပ်ထုပ်ကရပ်မှာမဟုတ်။မဖွင့်ချင်ဖြစ်နေတဲ့ မျက်လုံးတွေအား မနည်းအားယူကာ ဖွင့်လိုက်သည်။"အေးပါကွာ....သဘော သဘော"
ထိုအခါမှ လှုပ်နှိုးနေတဲ့ လက်ကလေးများရပ်တန့်သွားသည်။
တစ်သက်လုံးပေါင်းလာတဲ့ သူငယ်ချင်းတွေဆိုတော့လည်း အိပ်နေတဲ့အချိန်လာနှိုးတာကို စိတ်မဆိုးရက်။အတွင်းသိအဆင်းသိ စိတ်တူကိုယ်တူပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေမို့ ဒီအရှုပ်ထုပ် ဘာတွေးနေလည်းဆိုတာ သိသည်။
ထုံးစံအတိုင်း ဆေးရုံရှေ့ကကော်ဖီဆိုင်ပိုင်ရှင်လေးကို သွားငမ်းမလို့ဆိုတာ မေးကြည့်စရာမလိုရုပ်ကြည့်တာနဲ့သိသည်။ဒါဟာအမြဲ Kim Soekjin ရွှေ့နေကျအကွက်တွေ။
ဒါမျိုးကို Min yoongiတို့က နောကြေနေပြီ။"ဒါဆိုလည်း မြန်မြန်လုပ်လေကွာ! ထဖို့အရေး ကြာလိုက်တာ"
စောင့်ရတာခနလေးကို ငြူစူနေတဲ့လူသားလေးက နှုတ်ခမ်းလေးကိုစူလျှက်။မျက်စောင်းလေးကလည်း ရွယ်နေသည်။
မဖြစ်ဘူး!မဖြစ်ဘူး!ကြာကြာနေရင်ငါပြာကြတော့မှာ။
တွေဝေမနေတော့ပဲ ခပ်မြန်မြန်ထလိုက်သည်။"လာ သွားမယ်"
ဒီလိုနဲ့ခြေလှမ်းများ၏ ဦးတည်ချက်သည် ဆရာ၀န်နားနေခန်းမှ
ကော်ဖီဆိုင်လေးဆီသို့.....။ကော်ဖီဆိုင်လေးသည် အချက်ကျရာနေရာဖြစ်သည့်အပြင် ဆိုင်အပြင်အဆင်ဆန်းသစ်လွန်းလှသဖြင့် အတော်အတန်တော့ လူရှုပ်သည်။
ထိုလူသားလေးကို ပထမဆုံးအကြိမ်တွေ့ခဲ့သည်မှာ လွန်ခဲ့သောလကဖြစ်သည်။
အစက ဒီကော်ဖီဆိုင်ရဲ့ စားသုံးသူလို့ပဲထင်ခဲ့မိတာ။
သဘောကျနေမှန်းသိမှ စုံစမ်းရင်နဲ့ ဆိုင်ပိုင်ရှင် ဖြစ်နေသည်တဲ့လေ။
တိုက်ဆိုင်တယ်ပဲပြောရမလား သူအလုပ်လုပ်နေတာက ဒီဆိုင်လေးရဲ့မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဆေးရုံကြီးမှာ နှလုံးအထူးကုဆရာ၀န်တစ်ယောက်ဖြစ်သည်။
ဘယ်လောက်ဟန်ကျလိုက်လဲ သူ့အဖို့။