Part 15 (uni+zg)

1K 86 9
                                    

unicode

ပြင်းရှရှ အနမ်း

အပိုင်း (15 )

ညနေဘက်တွင် မိုးများသည်းထန်စွာ ရွာသွန်း နေလေသည်။ မိုးနှင့် အတူ လေပြင်းများလဲ တိုက်ခိုက်နေသည်။ ထိုအချိန် တွင် ပြတင်းပေါက်တွင် ရှောင်ကျန့် မက်တပ်ရပ်ကာ မိုး​​လေးများကို ကြည့်နေခဲ့သည်။

မိုးများကို ကြည့်နေရင်း သူ၏ အတွေးထဲမှ ဝေဝါးနေတဲ့ မြင်ကွင်းတစ်ခုရောက်လာသည်။ ထိုသည်မှာ........

.........🌌🌌🌌

မှောင်မဲပြီး အေးစက်နေတဲ့ အခန်း တစ်ခု သံချောင်းများဖြင့် ကာထားသော သေးငယ်တဲ့ ပြတင်းပေါက် တစ်ပေါက် .....

ထောင့်တနေရာတွင်ထိုင်ငိုနေသောရှောင်ကျန့် တံခါးပေါက်နားမှ ခြေသံတခု နှင့်အတူ စကားသံတခွန်း

"သား ထောင်မကျဘူး သိလား ခဏ ထိန်းသိမ်းခံရရုံပဲ "

ထို အသံသည် ရှောင်ကတော်၏ အသံသာဖြစ်သည်။

------------

ရှောင်ကျန့် ခေါင်းများမူးလာကာ အနည်းငယ် ယိုင်သွားလေသည်။

"ဒီမြင်ကွင်းက ဘာလဲ ...... ထောင်တဲ့လား
ငါတကယ်ပဲ....... ဘာလို့ ဘာမှကို မမှတ်မိရတာလဲ"

ရှောင်ကျန့် ထိုင်ချလိုက်ကာ ကုတင် ကို မှီထားလိုက်သည်။ မိုးရေများ စီးကျ နေသည့် မှန်ပြတင်းပေါက်ကို သာ ကြည့်နေခဲ့သည်။

ထိုနောက်ခဏ ကြာသောအခါ အိမ်အောက် ထပ်သို့ ဆင်းကာ ဟင်းချက်တဲ့ နေရာသို့ သွားလေသည်။

အိမ်တော်ထိန်း အန်တီသည် ညနေစာ အတွက် ဟင်းများ ချက်ပြုတ်ကာနေလေသည်။

"အန်တီ "

"သားလေး ရှောင်ကျန့် နားနားနေနေ နေလေ မိုးတေရွာနေတာကို တရေးလောက်အိပ်ပါလား"

"မအိပ်တော့ပါဘူး အန်တီ လာကူညီတာ"

"အကုန်တောင်ချက်လို့ ပြီးတော့မယ်"

"ကျွန်တော် လာကူညီတာတောင် နောက်ကျ သွားတာပဲ"

"ရပါတယ် ဒါ အန်တီ လုပ်နေကျ အလုပ်ပဲကို"

"ဒါနဲ့ ဟိုလူက ဘယ်တော့ ပြန်လာ မှာလဲ သိလား"

"7နာရီလောက်ပြန်ရောက်မယ်ထင်တယ်"

ပြင်းရှရှအနမ်းWhere stories live. Discover now