22

894 109 58
                                    

Unicode

Bible~

ကောင်းကင်မှာတော့ ကြယ် တွေ က သူတို့ရဲ့ အလင်းရောင်ကို လမင်း ကြီးကို ဆက်သ နေကြတယ်။
လ မင်း မရှိရင် ကြယ်တွေက မပျော်ဘူးတဲ့။ ဒါပေမဲ့ ကြယ်တွေ မရှိရင် လမင်း က ဝမ်းနည်းနေမှာလား။ဒါမှ မဟုတ် ပျော်နေမှာလား။ငါကတော့ သူမရှိရင် ကျိန်းသေပေါက်ဝမ်းနည်းနေတော့မှာ။ငါ့ရဲ့ချစ်ခြင်းမေတ္တာက အရှိန်မြင့်တက်နေပြီ။Buildက လမင်းဆိုတာသေချာတယ်။ ငါက တော့ ပင်လယ်။ ငါ့အချစ်တွေက ဒီရေ။ဒါပေမဲ့ဒီရေလို တခါတလေမှ မြင့်တက်တာမဟုတ်ဘဲ ငါ့အချစ်တွေက ပြောမပြတတ်တဲ့ အရှိန်နဲ့မြင့်တက်နေပြီး ပိုတိုးလာတယ်။

ကာကွယ်ပေးခြင်းစိတ် ကိန်းအောင်လာပြီး ချစ်ခွင့်ပန်ချင်လာတယ်။ ဖြေးဖြေးလေးခရီးဆက်ပါ့မယ်လို့ ကိုယ့်ကိုယ်ကိုယ်ဂတိပေးထားပေမယ့် ဆက်မတည်နိုင်တော့ဘူးထင်တယ်။အချစ်ကပူလောင်ရတယ်ဆိုပေမဲ့ သူပေးတဲ့အရာက နွေးထွေးတဲ့အချစ်ဆိုရင်အေးချမ်းမှာ။ကိုယ့်အပိုင်မဟုတ်သေးဘဲBuildကို အခြားယောကျာ်းဖြစ်စေ၊မိန်းမဖြစ်စေ လိုတာထက်ပိုရင်းနှီးတဲ့ဆက်ဆံမျိုးတွေ့ရရင် သဘောမကျတော့ဘူး။ ဒါက သဝန်တိုခြင်းဘဲ။ သဝန်တိုခြင်းက အကြီးမားဆုံးအန္တရယ်ထဲက တခုဘဲ။ နေမင်းရဲ့အလင်းကို မှိန်သွားအောင် လက်နဲ့ ကာလို့ မရသလိုပေါ့။

အချိန်ပြည့်ဖုန်းဆက်ဖို့ကလဲ Buildသဘောမကျမှာလဲစိုးရိမ်တတ်လာတယ်။တနေ့က ဇိုးဇိုးဒိုင်းဒိုင်းလုပ်ပြီး Buildအိမ်မှာပေတေပြီးအိပ်လိုက်သေးတယ်။ဒါ ငါအကြံအကုန်မဟုတ်သေးဘူး။ ငါ့အပေါ် သူစိမ်းဆန်နေသေးတဲ့ Buildကို စိတ်ပျော့အောင်လုပ်လိုက်တာ။ Buildချက်ပေတဲ့ ဟင်းတွေကို တဝကြီး အားရပါးရစားပြမည်။ ဒါမှ ချက်ပေးတဲ့သူလဲ ချက်ရကျိုးနပ်ပြီး နောက်ထပ်လုပ်ကျွေးချင်စိတ်ဖြစ်မှာ။တကယ်လဲ လက်ရာက အပိုမပြော ငါ့အကြိုက်ဘဲ။ငါ့အိမ်ထောက်ဘက်နေရာ အတွက်က Buildက်ိုဘဲဖြစ်စေချင်တယ်။

*တီ တီ တီ...*

အသံပိတ်ထားတဲ့ဖုန်းက အဆက်မပြတ်ကို မြည်နေတော့တာ။ ဂုဏ်ပြုပွဲညစာလုပ်ဖို့ ဖုန်းဆက်တာသိလို့ တမင်ကို မကိုင်တာ။ Buildကျေးဇူးကြောင့် ငါ့ရဲ့အချဉ်ပရော့ဂျက်က အောင်မြင်သွားတယ်လေ။ ခရမ်းချဉ်သီးအချဉ်ထဲမှာ လျှို့ဝှက်ပစ္စည်းအဖြစ် ပုစွန်ခြောက်ကိုပါမှန်းမသိထည့်လိုက်တာ။ခရမ်းချဉ်သီးငပိချက်မှာ ပုစွန်ခြောက်အမှုန့်ကိုကြိတ်ပြီးထည့်သလို အချဉ်မှာလဲ ပုစွန်ခြောက်ကိုကြိတ်ထည့်လိုက်တာ။အဖေကလဲ သဘောကျသလို ရှယ်ယာရှင်တွေကလဲ သဘောကျကြတယ်လေ။ငါ့အတွက် ကောင်းကွက်တွေကြီးဘဲ ဘာနစ်နာစရာမှမရှိတာ။ဒီအတွက် ဂုဏ်ပြုညစာလုပ်ဖို့ ဖုန်းဆက်နေကြတာ တဂွမ်ဂွမ်။

Memories [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now