776 86 4
                                    

"ဘုရားသခင်က ဘာလို့ အာဒမ်ကိုတစ်ယောက်ထဲ မဖန်ဆင်းခဲ့ရတာလဲ?"

"အာဒမ်က ဘုရားသခင်ရဲ့ပထမဆုံးဖန်တီးမှုမို့လို့ အရမ်းအင်အားကြီးတဲ့လူဖြစ်ခဲ့လို့ထင်ပါရဲ့ ။ စွမ်းအားကြီးပြီး အဖျက်စွမ်းအားစိုးမိုးသွားမှာစိုးလို့ ဧဝကို အာဒမ်ရဲ့အားနည်းချက်အဖြစ်အသုံးချဖို့ သူ့ရဲ့ အသက်သွေးကြောအဖြစ်ထပ်ဖန်ဆင်းခဲ့တာ"

"ဘာလို့ ဧဝ,ကမိန်းမဖြစ်နေရတာလဲ ။ ယောက်ျားရောမဖြစ်နိုင်ဘူးလား"

"ဆန့်ကျင်ဘက်ကိုဆွဲဆောင်တတ်တဲ့နိယာမကြောင့်လေ ။ ဧဝ,ကိုမိန်းမဖြစ်အောင်လုပ်ကြည့်ပြီး အရင်စမ်းသပ်ကြည့်တာ အလုပ်ဖြစ်သွားလို့နေမယ် ။ အဲ့ဒါကြောင့် သူဧဝ,ကိုယောက်ျားအဖြစ်ထပ်ဖန်ဆင်းဖို့မလိုတော့ဘူးလေ"

"ဒါဆို နိယာမဆိုတာ ဆန့်ကျင်ဘက်ဖြစ်မှအမှန်တရားလို့ပြောတာလား"

"မဟုတ်ဘူး ။ ဆန့်ကျင်ဘက်ဖြစ်ပါစေ ၊ မျုိးတူဖြစ်ပါစေ အဲ့ဒီအရာနှစ်ခုကပေါင်းစပ်ဖို့ ကိုက်ညီနေရင် နိယာမပဲ ။ ဘုရားရှင်က ဆန့်ကျင်ဘက်နိယာမနဲ့အရင်ဆွဲဆောင်ကြည့်ဖို့စဥ်းစားခဲ့ရုံပဲ"

"ကိုက်ညီခဲ့ရင် နိယာမက အမှန်တရားပေါ့ဟုတ်လား ။ အာဒမ်ကဧဝကိုချစ်တာ ကိုက်ညီမှုရှိလို့ပေါ့...အာဒမ်က ဧဝတစ်ယောက်ထဲပဲရွေးချယ်စရာရှိခဲ့လို့မဟုတ်ဘူးလား...ဒါကအချစ်ဖြစ်နိုင်ပါ့မလား"

"သူတို့နှစ်ဦးက တကယ်ချစ်ကြတယ်ဆိုတာ ငါသေချာပြောနိုင်တယ် ။ ဘာလို့ဆို လူ့စိတ်ကအရမ်းထူးဆန်းတာ...သူတို့နဲ့မကိုက်ညီတဲ့လူနဲ့ ကြာကြာမနေနိုင်ဘူး..မကိုက်ညီကြရင် အကြောင်းအမျိုးမျိုးနဲ့ အလိုလိုဝေးကွာသွားကြတာ။ ကံကိုပုံချနေကြပေမဲ့ တကယ်တမ်းက ဝေးကွာဖို့ကိုသူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ပြုလိုက်တာပဲလေ ။ ကိုက်ညီနေခဲ့ရင်တော့ တစ်ဖက်လူမှာဘယ်လိုပြစ်ချက်တွေရှိနေပါစေ သူတို့ကနည်းလမ်းပေါင်းစုံနဲ့နားလည်ပေးပြီး အဲ့ဒီလူအနားမှာပဲနေမှာ ။ အာဒမ်ကဧဝကို ရွေးစရာမရှိလို့ယူခဲ့တယ်ထားဦးတော့ ဧဝကခံစားနားလည်နိုင်တ​ဲ့လူ ၊ နောက်မျိုးဆက်တွေကလည်း ဒါကိုမြင်ကြမှာပဲ ။ ဒါပေမဲ့ နောက်မျိုးဆက်တွေအထိ ဘာကိုလက်ဆင့်ကမ်းခဲ့လဲ? အာဒမ်နဲ့ဧဝရဲ့အချစ်တွေကိုပဲ လက်ဆင့်ကမ်းခဲ့တယ်လေ ။ အာဒမ်က စာတင်လောက်အောင်ချစ်ပြသွားခဲ့တာ...သေချာပေါက် အချစ်စစ်မဟုတ်လို့ ဘာဖြစ်ရဦးမှာလဲ" 

နိယာမ(Desire)    [ခေတ္တရပ်နား]Where stories live. Discover now