သိင်္ဂီ့ ကိုခွင့်လွတ်ပါကိုရယ်....ရှင့်အတွက်ကျနေတဲ့မျက်ရည်တွေ ကုန်ချင်ပါပြီ...တကယ်ကုန်ချင်နေပါပြီ....
------------------------------------------------------------------
'မိန်းမရေ ကိုယ် သွားပြီနော်'
တဲအိမ်လေး ထဲမှ ကို ထွန်းမောင် မြင်းခေါင်းဖြူကိုပုဆိုးတိုတို ,ရှမ်းလွယ်အိပ်ကိုလွယ်ကာဆင်ကျယ်ဖိနပ် ဖြင့် ကားလိုက်ဖို့ ပြင်ဆင်ကာ ထွက်ပြီမို့
'မနက်စာစားသွားအုံးလေ သိင်္ဂီ ထမင်းဆီဆမ်းလေးလုပ်ထားတယ်'
'နေပါစေ မောင်တာ တို့နဲ့ လက်ဖက်ရည် ဆိုင်မယ်ပြောထားလို့'
'ပြီးရော ညနေတော့စောစောပြန်လာခဲ့'
'ကိုယ့်မိန်းမလေး သဘောကျပါဗျာ..သွားပြီ သွားပြီ'
'အင်း အင်း'
ကိုထွန်းမောင်က ကားနောက်လိုက် ဆရာ .. သိင်္ဂီနွေက ကျောင်းမပြီးသေးပဲ အချစ်ကို ကိုးကွယ်ကာ လိုက်ခဲ့သူမို့ အလုပ် မယ်မယ်ရရ ဘာမျှမလုပ်တတ် .. သိင်္ဂီနွေ့ အဖေဆုံးပြီးနောက် အမေက အားကိုးရှာပြီး နောက်အမျိုးသားတစ်ယောက်ကို လက်ထက်ခဲ့တယ် ..အဲ့ပထွေးက အမေနဲ့မယူခင်က ကယ်တင်ရှင်ကြီးပါပဲ..သိင်္ဂီနွေ ကလည်း ညိုစိမ့်ပြီး ကိုယ်လုံးကိုယ်ပေါက်လေးကလည်း အပြစ်ပြောစရာမရှိတော့ ပထွေးမျက်စိကျစရာဖြစ်ခဲ့ရတယ်။ သိင်္ဂီ့အမေကို ယူပြီးမှ အပျိုအရွယ် သိင်္ဂီနွေ ကို ကျားချောင်းချောင်းလို့ အမေနဲ့ ပထွေးနဲ့ခဏ ခဏ ပြသနာတတ်ခဲ့ရပြန်တယ်။
အမေလည်း ပထွေး အရက်သမားဒဏ်နဲ့ပဲဆုံးရရှာတယ်..အဲ့တုန်းက သိင်္ဂီနွေ ၁၀ တန်းဖြေပြီးကာစပေါ့...အားကိုးစရာဆိုလို့ ကောက်ရိုးတစ်မျှင် မရှိတဲ့ဘဝမှာ ကိုထွန်းမောင်က သူမရဲ့ ကယ်တင်ရာ ကျေးဇူးရှင် တစ်ပါးပါပဲ...ကိုထွန်းမောင် ခေါ်ရာလိုက်ခဲ့လိုက်တယ်..အနေစုတ်ပေမယ့် သူမ တစ်ဝမ်းတစ်ခါး တော့ ဝအောင် ရှာဖွေ ကျွေးမွေးခဲ့ပါတယ်...အရက်မူးလာရင် သွေးဆိုးတတ်တာက လွဲလို့ အပြစ်ပြောစရာမရှိတဲ့ ယောကျားတစ်ယောက်ပါ.. သိင်္ဂီနွေ ပြောထားလို့ မသောက်အောင်လည်း ထွန်းမောင် ထိမ်းသိမ်းခဲ့ပါတယ်...ဒီလိုနဲ့...
YOU ARE READING
အမုန်းအသင်္ချေ
Romanceဖခင်ကိုသတ်တဲ့မိသားစုကိုရှာနေတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ အရာရာကိုစွန့်လွတ်သည်းခံနိုင်တဲ့ အမျိုးသမီးလေးတစ်ယောက်တွေ့ကြရာဝယ်။