Missing You

850 99 11
                                    



" ငါတို့ နှစ်ယောက်က ဘာတွေလဲ Chanyeol "

မှန်အလုံပိတ်ထားတဲ့ ကားထဲမှာ Baekhyun အသံ ရှတတလေးက ပျံ့လွင့်လာ၏။ ကားမှန်ဘက်ကို မျက်နှာမူထားလို့ အသံက မသဲကွဲပေမယ့် Chanyeol အသေအချာကြားလိုက်ပါသည်။ အသက်ရှုသံ ပြင်းပြင်းကရော စိတ်တိုနေလို့များလား ။

" ဘာကိုလဲ  "

သူ မေးတဲ့မေးခွန်းကို သေချာအတည်ပြုချင်တာကြောင့် ထပ်မေးလိုက်တဲ့အခါ သက်ပြင်းချသံ တစ်ခုသာ ကြားလိုက်ရ၏။ Baekhyun က ထပ်မမေးလာခဲ့ပါ ။ စိတ်အလိုမကျနေတာကို သိလိုက်ပြီမို့ Chanyeol တစ်ယောက် ဆက်မမေးဖြစ်။ Bar မှာ ရောက်နေတယ်ဆိုလို့ ချက်ချင်းလိုက်ခေါ်မိတာက အပြစ်များဖြစ်သွားတာလား ။

အတွေးကိုယ်စီနဲ့ပဲ နောက်ဆုံး ကားပါကင်ကို ရောက်လာခဲ့သည် ။ အခုက Chanyeol နာမည်နဲ့ပဲ ဝယ်ထားတဲ့ ရှင်းချောင်းရပ်ကွက်က ကွန်ဒို တစ်နည်း Baekhyunee ပစ္စည်းတွေလည်း ရှိတဲ့ တိုက်ခန်းတစ်ခု ။ ပါကင်မှာ ကားထိုးပြီးသည်အထိ Baekhyunee က တိတ်ဆိတ်နေ၏။ ပုံမှန်ဆိုရင် သီချင်းလေး တညည်းညည်းနဲ့ ရှိနေတတ်တာမဟုတ်လား။

" မဆင်းဘူးလား Baekhyun "

မေးလိုက်တော့မှ စိတ်နဲ့လူနဲ့ ကပ်သွားသလို မျက်တောင်တစ်ချက်ခတ်၏။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်သည်။ ကိုယ်တို့နှစ်ယောက်ရဲ့ private condo ရှိရာ ဆိုတာကို အခုမှ သတိပြုမိသွားဟန်။
ထိုအခါမှ သူ့ဖုန်းရယ် wallet ရယ် AirPods ရယ်ကို ယူကာ ကားထဲကထွက်သွား၏။
Chanyeol သူ့ နောက်ကနေသာ တိတ်တဆိတ်လိုက်သွားဖြစ်သည်။ အမှန်ဆို သူလည်း musical ကနေ ပင်ပန်းလာတာ အခုထိ မနားရသေး။

အပေါ်ရောက်တာနဲ့ Baekhyun က ရေချိုးခန်းထဲ တန်းဝင်သွားသည်။ Chanyeol လည်း ဦးထုပ်နဲ့ အပေါ်အင်္ကျီကို တစ်ခါတည်း ချွတ်ကာ ဘောင်းဘီတိုတစ်ထည်ဖြင့် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ musical ၂ ပွဲ ကခဲ့ရတာမို့ ပင်ပန်းကာ မလှုပ်ချင်။ ဒါကို သူက စိတ်ကောက်နေသေး၏။

ဒီတိုက်ခန်းက နှစ်ယောက်တည်း အတူရှိနေချင်တဲ့အချိန် အနားယူဖို့ သက်သက်ကို ဝယ်ထားတာဖြစ်သည်။ Baekhyunee သဘောကျတဲ့ game စက်လည်း ရှိသလို Chanyeol ကြိုက်တဲ့ မြှားပစ် ကအစ ဘိလိယက်ခုံအဆုံး ရှိ၏။ နှစ်ပတ်တစ်ခါလောက် သန့်ရှင်းရေး လာလုပ်ခိုင်းထားတာမို့ အခုလို Chanyeol နားရက်ရရင် လာနေဖြစ်ကြသည်။ သို့သော် တစ်ခါတစ်လေ Baekhyunee က စိတ်ဆိုးနေရင် ခေါ်လို့မရ။

You've reached the end of published parts.

⏰ Last updated: Aug 18, 2022 ⏰

Add this story to your Library to get notified about new parts!

Missing You Where stories live. Discover now