28.1ချင်းချင်းမှာ ဘယ်လိုရည်ရွယ်ချက်ဆိုးမှ ရှိစရာအကြောင်းမရှိဘူး

8.9K 1.4K 40
                                    

Zawgyi

ချင်းချင်းက ဒီလောက်တောင်ချစ်စရာကောင်းတာ .. သူ့မှာဘယ်လိုရည်ရွယ်ချက်ဆိုးမှ ရှိစရာအကြောင်းမရှိဘူး

နောက်နေ့မနက်မှာတော့ ရှန်ချင်းရှုနှင့် ဟန်ချောင်တို့နှစ်ယောက် ပုံမှန်အတိုင်းပဲနိုးထလာခဲ့ကြတယ်။ သူတို့တွေမနက်စာကိုအတူတကွစားသောက်ခဲ့ကြပြီးနောက်မှာတော့ ရှန်ချင်းရှုက ကွန်ပြူတာကိုဖွင့်ပြီး ဒီနေ့တင်ရမယ့်စာတွေကိုရေးသားဖို့အသင့်ဖြစ်နေပြီ။

ဒီနေ့ညမှာ ကမ္ဘာသစ်ထဲကိုသူဝင်ခွင့်ရတော့မှာလေ ဒီတော့ သူ့မှာထောင်ချောက်ကျင်းတွေဖို့,ဖို့အတွက်အချိန်အများကြီးမရှိတော့ဘူး။ သွားဖို့အတွက်လည်းပြင်ဆင်ရဦးမယ်!

ဟန်ချောင်ကတော့ ကုမ္ပဏီကိုရောက်တာနဲ့ ရှန်ချင်းရှုရဲ့အသစ်ထပ်တင်ထားတဲ့စာကို သွားကြည့်တော့တယ်။ ထိုအချိန်မှာ ရှန်ချင်းရှုမှ ကားနတ်ဘုရားထံသို့ သီးသန့်စာပို့ထားတာကိုတွေ့လိုက်ရတယ်။

သူဖတ်ကြည့်ပြီးနောက် စိတ်လိုလက်ရနဲ့ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး စာပြန်ပို့လိုက်တယ်။

"အဆင်ပြေပါတယ် ကိုယ့်မှာပိုက်ဆံတွေအများကြီးရှိတယ်လေ ဒါကြောင့် ကိုယ်မင်းကိုလက်ဆောင်ပေးချင်တယ်"

ရှန်ချင်းရှု စာစီနေရင်းနဲ့ websiteထံမှအသိပေးချက်အသံကြားလိုက်ရတာကြောင့် ရေးလက်စဖိုင်ကို ကျုံ့လိုက်ပြီး websiteကိုဝင်ကြည့်လိုက်တော့  ကားနတ်ဘုရားမှ သူ့ကိုစာပြန်ထားတာကိုတွေ့လိုက်ရတယ်။

ရှန်ချင်းရှု တစ်ဖက်လူရဲ့နိုင်လိုမင်းထက်ဟန်ရှိတဲ့ စကားတွေကိုကြည့်လိုက်ပြီး တကယ့်ကိုလွှမ်းမိုးချုပ်ကိုင်ချင်တတ်တဲ့လူမျိုးလို့တွေးလိုက်မိတယ်။

ဒီလိုကြွားဝါတတ်ပြီးနိုင်လိုမင်းထက်ပြုလုပ်တတ်တဲ့သူအတွက်ကတော့ သူ့ကိုရပ်တန့်ခိုင်းမယ်ဆိုရင် သေချာပေါက်မပျော်မရွှင်ဖြစ်သွားလိမ့်မယ်။ ဒီတော့ သူ့အနေနဲ့ ဒီလိုစာပြန်ပေးဖို့ပဲတတ်နိုင်တော့တယ်။
[ အမ်.. ကျေးဇူးပါနတ်သမီးလေး မင်းအတွက်အစစအရာရာအဆင်ပြေပြီး အကောင်းဆုံးတွေကိုပဲရရှိစေဖို့ဆုတောင်းပေးပါ့မယ်~]

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now