Part1(သူငယ်ချင်းနှစ်ယောက်)

126 5 0
                                    

"ထယ်ယောင်းရေ...ထတော့လေအောက်မှာ
ဂျောင်ဂုရောက်နေပြီ"

အောက်ထပ်မှမာတာမိခင်၏ နှိုးဆော်သံကြောင့်
စောင်ကိုခေါင်းမြီးခြုံပြီး မကြားချင်ယောင်ဆောင်ရင်းပြန်အိပ်နေမိသည်။ရုတ်တရက်တံခါးဖွင့်သံကြားလိုက်ပြီး ကိုယ်ပေါ်ကစောင်ကိုဆွဲချခံလိုက်ရသည်။ခန္ဓာကိုယ်ကြီးတစ်ခုလုံးနဲ့တက်ဖိခံလိုက်ရတာမို့ ကိုယ်ပေါ်ကလူကိုဘေးသို့တွန်းချလိုက်ပြီး........

"ဂျောင်ဂုရာ....မင်းကိုယ်ကြီးနဲ့ငါ့ကိုတက်ဖိလိုက်တာကျိုးပြီလားမသိဘူး"

"မင်းကအခုထိအိပ်​ပုတ်လုပ်နေတာလေ....ဘယ်အချိန်ရှိနေပြီလဲ"

ဂျောင်ဂုမှာပြောလည်းပြော၊ထယ်ယောင်းရဲ့ဆံပင်တွေကိုဆွဲဖွနေသည်။အိပ်ရာနိုးခါစမို့
ဆံပင်တွေကရှုပ်ပွနေပြီး၊မျက်နှာလေးကမို့အစ်နေသည်။ချစ်ဖို့ကောင်းနေသောထယ်ယောင်းကို
ဂျောင်ဂုမှာအသည်းတယားယားဖြစ်နေသည်။

"ကျောင်းပိတ်ရက်မှာ အိပ်ရေးဝဝအိပ်ပါမယ်ဆို
အဖျက်တွေကရောက်လာပြီ"

ဆူပုတ်ပုတ်အသံဖြင့် ငြူငြူစူစူပြောမိတော့

"ငါ့သူငယ်ချင်းလေးကို တော့ပုကီဝယ်ကျွေးမလို့ဟာကို မစားချင်လည်းအတင်းကြီးမခေါ်တော့ပါဘူး"

အစားဆိုသည့်အသံကြားသည်နဲ့မျက်လုံးဝိုင်းခနဲ
ဖြစ်သွားပြီး၊ငေါက်ခနဲထထိုင်သည့် အစားသရဲ
ထယ်ယောင်းကိုကြည့်ပြီး ဂျောင်ဂုတစ်ယောက်
ရယ်ချင်စိတ်မနည်းထိန်းနေရသည်။

"ဂျောင်ဂုကလည်း ငါကအိပ်ရေးမဝရင်စိတ်မကြည်လို့ပါကွ...ဒါပေမယ့်မင်းကတကူးတကကြီးလာခေါ်နေမှတော့ ငါအားနာပါးနာနဲ့လိုက်ခဲ့ပါ့မယ်"

ပြောလည်းပြော၊ချက်ချင်းပင်ရေချိုးခန်းထဲပြေးဝင်သွားသောသူ၏နောက်ကျောပြင်လေးကိုကြည့်ပြီးဂျောင်ဂုပြုံးနေမိသည်။
ပြီးတော့ရေချိုးခန်းထဲမှာနေ၍လှမ်းအော်လိုက်သည်က....

"အောက်ထပ်မှာစောင့်နေနော် ငါအဝတ်အစားလဲပြီးလာခဲ့မယ်"ဟူ၍ဖြစ်သည်။

ဂျောင်ဂုအောက်ထပ်ကိုဆင်းလာတော့
ထမင်းစားခန်းထဲမှထယ်ယောင်းမိခင်ဖြစ်သူမှ

You've reached the end of published parts.

⏰ Last updated: Aug 18, 2022 ⏰

Add this story to your Library to get notified about new parts!

"Tae belong to Jeon"Where stories live. Discover now