အခန်း ၉

1K 61 1
                                    

'နွေနားလည်ပါတယ် ကို ဘာတွေခံစားနေရလဲ မသိပေမယ့် နွေ့ကြောင့် ခဏတာ လေး ပျော်သွားရင် နွေ လည်းပျော်ပါတယ်'

'ဘာလို့ဆိုနွေက ကို့ ရဲ့ ကပ်ပါးကောင်လေး မို့ '

----------------------------------------------------------------------------------------------------

'မယ့် ဒီနေ့ မွေးနေ့လေး ကိတ်မုန့်ခွဲချင်တယ်'

'ပါးပြန် လာမယ် မယ့်ကိုဖုန်းဆက်ထားတယ် ခဏစောင့်ပြီးရင်သွားဝယ်ကြမယ်လေ'

၇နှစ်အရွယ်သမီးလေး က သူ့မေမေ ကို မွေးနေ့ကိတ်လေးခွဲချင်လို့ပူစာနေပါတယ်..အမျိုးသားက ကျောက်တူးကာမိသားစုကို ရှာဖွေကျွေးပေမယ့်ကျောက်ကောင်းကောင်းအောင်ဖို့က ကံကိုအားကိုးရတာမျိုး ဆိုတော့ စားသောက်လို့ ရရုံပါပဲ ။ လွန်ခဲ့တဲ့ ရက်တွေက မိတ်ဆွေအသစ်တွေနဲ့ ကံစပ်လို့ အဆင်ပြေတယ်လို့ ဖုန်းဆက်လာတယ် ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်သမီးလေးမွေးနေ့ပြန်ရောက်မယ် ဆိုတော့ မိသားစု ပျော်စရာနေ့လေးဖြစ်မှာ မလွဲပါလေ...

'မယ့် ပါးလည်းမလာသေးဘူး ကိတ်လည်းမဝယ်ရသေးဘူး'

သမီးလေးက ဆူပုတ်ပုတ်လေး ပြောတော့ လည်း ဘာပြောရမှန်းမသိ သမီးလေးကိုသာ လက်ဆွဲပြီး အိမ်လှေကားဝနား သွားပြီး လှေကားထစ်မှာ အတူတူ ထိုင်လိုက်တယ်..အချိန်တွေသာလင့်လာတယ် တော်တော်နဲ့ရောက်မလာဘူး ... အခုတော့ အမျိုးသားပြန်အလာကိုစောင့်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ မွေးနေ့ကိတ်လေး ဖခင်နဲ့ အတူတူ သွားဝယ်မယ့်ကလေးငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက်တွေ ဟာ သဲထဲသွန်ချတဲ့ရေပမာ

ရပ်ကွက်ထဲက သံချောင်းက အမောတကော ပြေးလာ၏။

'အ‌ဒေါ် အ‌ဒေါ် ခင်များ ယောက်ကျား လူသတ်မှုနဲ့ ရဲတွေဖမ်းထား တယ်တဲ့'

'ဟင် '

ရုတ်တရက် ကြားလိုက်ရသည့်သတင်းဆိုးကြောင့် ရုတ်တရက် ကလေးမလေးနား လဲကျသွားတယ်

'မယ့် မယ့် ထပါအုံး ...ဦး ဦးသံချောင်း မယ့် ကိုခေါ်ပေးပါအုံး မယ့် ..'

'အီး...ဟီး...ဟီး... အင့် ....အင့်'

'လာကြပါအုံး ဗျ ဒေါ်ကြီး မူးလဲသွားလို့ ဆေးပေးခန်း ကို ကူပို့ပေးကြပါ.'

အမုန်းအသင်္ချေOù les histoires vivent. Découvrez maintenant