🌿🍰The legend of the blue sea
အပိုင်း(30) ကုသပေးခြင်း
အဲ့အချိန် နန်းတော်ထဲမှာအိပ်နေတဲ့ ရေဘုရင်ရဲ့မျက်ဝန်းပြာများက ဖျတ်ခနဲပွင့်လာခဲ့တယ်
ဒါပေမဲ့ သူ မျက်လုံးပြာများပွင့်ဟလာတာနဲ့ သွေးတန်းအန်တော့တယ်
နှုတ်ခမ်းထောင့်မှာကျလာတဲ့သွေးတွေကိုသုတ်ပေးရင်း ပေ့ထန်က ဘေးနားရှိနေတဲ့ သမားတော်ကိုလှမ်းအော်တယ်
"ဘယ်လိုဖြစ်တာလဲ ဝမ်ဝမ်ကဘာလို့အခုအချိန်အထိ သွေးအန်နေရတာလဲ ဖြေရှင်းချက်ပေးစမ်း "
"အာ အခြေအနေ နဲနဲကောင်းလာပါတယ် အရှင် ဒီဆေးလေးကိုသာ တနေ့သုံးခွက်ကြိုတိုက်မယ်ဆိုရင် အဆင်ပြေမှာပါ"
သမားတော်က တုန်တုန်ရီရီနဲ့ပေ့ထန်ကိုလျှောက်တင်လာလေတယ်
"ဘန်းးး အဓိပ္ပာယ်မရှိတာတွေ ဘာရောဂါဖြစ်နေလဲဆိုတာတောင် အဖြေမရှာနိုင်ပဲနဲ့ ဒီဆေးတိုက်တာနဲ့ပြန်အဆင်ပြေသွားမယ်တဲ့လား
တစ်ရက်နှစ်ရက်မဟုတ်ဘူး ဆယ့်နှစ်ရက်ကွ ဆယ့်နှစ်ရက်.. ဝမ်ဝမ်အိပ်ယာထဲလဲပြိး သွေးချည်းအန်နေတာ ဆယ့်နှစ်ရက်တောင်ရှိပြီ ...အခုမှ ဒီဆေးပေးတာနဲ့ လာလိမ်လို့ရမယ်ထင်နေလား ဟမ် ကိုယ်တော့ကိုအရူးတွေးနေတာလား လာစမ်း ဒီသမားတော်ကို ကွက်မျက်လိုက်ကြ နောက်တယောက်ခေါ်လာခဲ့"ပေ့ထန်ရဲ့ဒေါသကပိုဆိုးသထက်ပိုဆိုးလာသလိုပဲ သမားတော်တွေကလဲ အခန်းထဲဝင်လာတာနဲ့ နဖူးကချွေးခြေမအထိကျလောက်အောင်တုန်လှုပ်နေခဲ့တယ်
ကုတင်ပေါ်မှာ မျက်နှာဖြူဖြူဖျော့ဖျော့နဲ့ အရမ်းချောတဲ့နတ်သူငယ်တစ်ယောက်လှဲနေပြီးတော့ အဲ့နတ်သူငယ်ရဲ့ကျန်းမာရေးကလဲ ဘာအကြောင်းကြောင့်မှန်းမသိ အခြေအနေဆိုးဝါးနေခဲ့တယ်
အခုရက်တွေထဲ သေသွားတဲ့သမားတော်တွေဘယ်လောက်တောင်ရှိနေပြီလဲ
အချိန်တွေသာ ကြာသွားတယ် ဒီအတိုင်းပဲ သမားတော်တွေ တစ်ယောက်ပြီးတစ်ယောက်သာလာသွားကြသေသွားကြတယ်
ဘယ်သူမှ မကုသနိုင်ကြဘူး
"ရပါတယ် အရှင်မင်းကြီး အရမ်းမလုပ်ပါနဲ့ "
ŞİMDİ OKUDUĞUN
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Tarihi Kurguown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...