(31.1)မင်းက ကိုယ်နဲ့ ဒရိုက်ဘာဆက်ဆံရေးကိုပြတ်ဆဲဖို့ရည်ရွယ်နေတာပဲ ! ! !

9.2K 1.4K 152
                                    

Zawgyi

မင်းက ကိုယ်နဲ့ ဒရိုက်ဘာဆက်ဆံရေးကိုပြတ်ဆဲဖို့ရည်ရွယ်နေတာပဲ ! ဒါတောင်မင်းက မဟုတ်ပါဘူးလို့ငြင်းနေသေးတယ်!!!

ဟန်ချောင်:" မှတ်ပုံတင်ကြေးက ဘယ်လောက်လဲ"

" ငါးသောင်း ၊ တစ်သိန်းဝန်းကျင်လောက်ရှိမယ် ကျွန်တော်လည်း ပထမဆုံးအကြိမ်လုပ်ရမှာဆိုတော့ သေသေချာချာမသိဘူး ဒါပေမယ့် ကျွန်တော့်မှာရှိတဲ့ပိုက်ဆံနဲ့ဆိုရင် လုံလောက်မှာပါ"

ထိုလူငယ်လေးက ရှန်ချင်းယွီထံမှသက်သက်ကို တစ်သိန်းလောက်ရထားတာလေ။ နောက်ပြီး သူပို့ပေးထားတဲ့လက်ဆောင်တွေနဲ့ဆိုရင် သေချာပေါက်လုံလောက်နေပြီပဲ။

"စိတ်မပူပါနဲ့ ကျွန်တော် လနည်းနည်းလောက်သွားပြီးရင် မြန်မြန်ပြန်လာမှာပါ"
ရှန်ချင်းရှု သက်သောင့်သက်သာအမူအယာနဲ့ပြောလာတယ်။

“မင်းထွက်သွားမလို့လား ?ဘယ်နှစ်လလောက်ကြာမှာလဲ?"
ဟန်ချောင်လန့်ဖြတ်ပြီးခုန်ထမိတော့မတတ်ပဲ။

"မင်းဘယ်ကိုသွားမလဲဆိုတာ ကိုယ့်ကိုပြော.. ကိုယ်က မင်းအပေါ်မှာလုံလုံလောက်လောက်မကောင်းလို့လား မင်းကမင်းရဲ့မျက်လုံးကိုဖွင့်ပြီး ကမ္ဘာအနှံ့လိုက်ကြည့်လို့ရအောင် ထွက်သွားတော့မလို့မလား.. ကိုယ့်ကိုထားခဲ့ပြီး နောက်ထပ်ဒရိုက်ဘာအသစ်တစ်ယောက်ထပ်ရှာမလို့လား"

ထိုစကားဝိုင်းကိုကြားတော့ ကားမောင်းနေတဲ့ဒရိုက်ဘာကနောက်ကြည့်မှန်ကနေလှမ်းကြည့်ပြီး ကြော်ငြာဝင်လာတယ်။

"မင်းတို့ ဒရိုက်ဘာတစ်ယောက်လိုနေတာလား ကျွန်တော်ဆိုရင်ရောဘယ်လိုလဲ? အရည်အချင်းလည်းရှိပြီး ဈေးလည်းချိုတယ် ; ရင်းနီးဖော်ရွေပြီး အကြမ်းလည်းခံတယ် မောင်းနှင်တဲ့နည်းလမ်းတွေကလည်း တည်ငြိမ်ကောင်းမွန်ပြီး အထင်ကြီးလောက်စရာ ကောင်းသေးတယ်နော် လိုအပ်တဲ့အချိန်တိုင်း မောင်းပေးဖို့အဆင်သင့်ရှိနေမှာ~"

ဟန်ချောင်:....ခင်ဗျားရဲ့နားကို တစ်ခါလောက်ပိတ်ထားစမ်းပါ!

"သွားစမ်းပါ!"

ဒရိုက်ပါ:... မင်းသဘောမတူဘူးဆိုလည်း မတူဘူးပေါ့ ဒီလောက်ဒေါသကြီးနေစရာလိုလို့လား?

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now