Jeon Jungkook...
Jeon Jungkookဆိုတဲ့ သူဟာကျွန်တော့်နှလုံးသားကို စန္ဒရားတီးသလိုကစားခဲ့တယ်..ချစ်တတ်အောင်သင်ပေးခဲ့ပြီး မုန်းတတ်အောင်မသင်ပေးခဲ့တဲ့ Jeonကိုကျွန်တော်မေ့မရတာ ဒီနေ့အထိပဲ..ဘာကြောင့်များကျွန်တော့်ကိုထားသွားရက်တာလဲ..ဘာကြောင့်လဲ?ချမ်းအေးလှတဲ့ရာသီရယ်..ဆီးနှင်းကျသလိုရွာသွန်းနေတဲ့မိုးစက်လေးတွေရယ်..ပူပူနွေးနွေးကော်ဖီခါးတစ်ခွက်ရယ်..ဒါပေမဲ့ ကျွန်တော်အလိုအပ်ဆုံးဖြစ်တဲ့Jeonကတော့ရှိမနေခဲ့ပါဘူး..။ဒီနေ့က 13ရက်လေ..Jeonနဲ့ချစ်သူဖြစ်ခဲ့တဲ့anniversaryနေ့ ဖြစ်သလို...Jeonနဲ့လမ်းခွဲခဲ့တဲ့နေ့လည်းဖြစ်တယ်..။မှတ်မိပါသေးတယ်..ကျွန်တော်Jeonနဲ့စတွေ့ခဲ့တဲ့နေ့ကို..။
=====================
ကျွန်တော့်နာမည်ကPark Jiminပါ..အဖေကတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်ရင်းမတော်တဆဖြစ်ပြီးဆုံးသွားပါတယ်...အဲ့တာကြောင့်အမေနဲ့အတူဘူဆန်ကနေ ဆိုးလ်ကိုပြောင်းလာတာပါ..။ကံကောင်းချင်တော့ အဖေ့ဘက်ကအမျိုးတွေက ကျွန်တော်တို့အပေါ်ကောင်းရှာပါတယ်..ပိုက်ဆံလည်းလိုအပ်သလောက်ပေးပြီးလတိုင်းလည်းအမြဲထောက်ပံ့ပေးပါတယ်..ကျွန်တော်ကတစ်ဦးတည်းသောသားဖြစ်တာကြောင့်အပြင် မွေးရာပါနှလုံးအားနည်းတဲ့ရောဂါရှိတာကြောင့်လည်းပါ ပါလိမ့်မယ်..။ကျွန်တော်တို့မိသားစုကသိပ်ချမ်းသာတဲ့အထဲမပါသလို ဆင်းရဲတဲ့အထဲမှာလည်းမပါပါဘူး..အလယ်အလတ်အတန်းစားထဲမှာဖြစ်ပါတယ်..။အခုချက်ချင်းအပြောင်းအရွေ့လုပ်တာဖြစ်လို့ကျောင်းကိုပါတစ်ခါတည်းပြောင်းလာလိုက်ရတာပါ..။ကံဆိုးချင်တော့ ကျောင်းစတတ်တဲ့နေ့မှာမိုးကရွာ ထီးကမပါနဲ့..တကယ်ကိုအဆင်မပြေတဲ့နေ့ပါပဲဗျာ..။
"ကဲ..သားကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်ပါဦး"
"အားလုံးပဲ မင်္ဂလာပါခင်ဗျာ..ကျွန်တော့်နာမည် Park Jiminပါ..Jiminလို့လည်းခေါ်ပါတယ်..ကျောင်းသားသစ်ဖြစ်တဲ့အတွက် မသိတာရှိရင်ကူညီပေးကြပါ"
"သားJimin..သားကြိုက်တဲ့နေရာမှာဝင်ထိုင်နော်"
"Nae~"
"ချောလိုက်တာ.."
"နတ်သားများလား?လှရက်လိုက်တာ."
"..သူ့ကိုကြိုက်လိုက်တာနော်"
"သူကငါ့Typeပဲ.."