148[U&Z]

2K 234 3
                                    

[Unicode]

လီဟောက်ကျယ် အနည်းငယ် ကြောင်အမ်းလို့သွား၏။

သူတို့သုံးယောက်လုံးက စနောက်နေကြတာဖြစ်ပြီး အဲ့ဒါတွေအပြင် လျူရှင်းလေ့က ကျန်းရှန့်မေ စိတ်ကျေနပ်စေဖို့အတွက် သူ့ကိုယ်သူ အရွှန်းဖောက်ပေးနေတာ ရှင်းလင်းလှ၏။

စုထျန်းထျန်းတောင်မှ လျူရှင်းလေ့ကို ယဉ်ကျေးချိုသာစွာ ဆက်ဆံဖို့ လိုအပ်နေသည့်တိုင် ကျန်းရှန့်မေက ပေါ့ပေါ့ပါးပါးသာ ဖြစ်လို့နေပြီး ထိုသူ့ထက်တောင် သာလွန်ပုံ ပေါ်နေသည်။

ကျန်းရှန့်မေက အမြဲတမ်း မိတ်ကပ်အထူကြီး လိမ်းပြီး သူ့အနားမှာနေရင်း ကိစ္စအားလုံးကို ကူညီပေးတတ်တာမို့ ထိုအပြုအမူတွေကပဲ ကျန်းရှန့်မေရဲ့ မူလဇာတ်ရုပ် အခြေအနေဖြစ်တဲ့ အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာတဲ့ သူ‌ဌေးသမီးတစ်ယောက် ဖြစ်တယ်ဆိုတာကိုပင် လီဟောက်ကျယ် မေ့သွားခဲ့တာဖြစ်သည်။

သူတို့တွေကတော့ ဘေးနားမှာ ဘယ်သူမှ မရှိတဲ့အတိုင်း ပြောနေကြတာဖြစ်၏။ ဒါရိုက်တာနှင့် ဝန်ထမ်းများကလည်း စိုးရိမ်နေကြပေမယ့် သူမတို့နဲ့ အချေအတင် မဖြစ်ရဲသလို နောက်ကျတဲ့ ကျန်းရှန့်မေကိုလည်း မဆူရဲပေ။

လီဟောက်ကျယ်က လက်သီးဆုပ်လိုက်ပြီးနောက် ပြန်ဖြေလျော့လိုက်သည်။

ကျန်းရှန့်မေက တပန်းသာနေလဲ ဘာဖြစ်လဲ?

သူသာ လက်ပြလိုက်တာနဲ့ သူမက သေချာပေါက် သူ့ဆီကို အသဲအသန် ပြေးလာမှာပဲ။ ပြီးတော့ သူမက အခုပွဲမှာ ပါဝင်လာရတာလည်း သူနဲ့ အတူတွဲဆိုမယ့် အတွက်ကြောင့်လေ သူမက သေချာပေါက် သူနဲ့ အတူပြန်ရှိချင်‌နေတာ။

ဟမ့်!

လီဟောက်ကျယ်က မျက်လွှာချလိုက်ပြီး ထောင့်‌နားမှာပဲ တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။

လျူမိသားစုက ကျန်းမိသားစုလောက် ဩဇာလည်း မကြီးသလို အင်အားလည်း မတောင့်တင်းပေ။ လျူရှင်းလေ့က ဂရုမစိုက်စွာ ပြောခဲ့တာမို့ သူမတို့ကို စိတ်ကျေနပ်အောင် ကြိုးစားနေတာ သိသာလှ၏။ ကျန်းရှန့်မေကတော့ တဖြည်းဖြည်း စိတ်မရှည် ဖြစ်လာတာမို့ တည့်တိုးပဲ ဖြတ်ပြောလိုက်သည်။ "ဝတုတ်လေး! ငါ့အဖေကိုသာ အဲ့အရာတွေ သွားပြောလိုက်! အဲ့တာတွေနဲ့ ပတ်သက်ပြီး ငါတစ်ခုမှ မသိဘူး!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Tempat cerita menjadi hidup. Temukan sekarang