💔 Part-14 💔

1K 91 0
                                    

  အားးကျွတ် ကျွတ်

ခေါင်းက တဆစ်ဆစ်ကိုက်နေခြင်းနှင့်အတူ
Jiminနိုးလာရသည်။နေရာကို စူးစမ်းကြည့်လိုက်တော့ မိမိအခန်းထဲပင်။ဒါဆို ငါအိမ်ပြန်ရောက်နေတာပဲ။

"ဟင် သားလေး သတိရလာပြီ"

ကျွန်တော့်၏ ညီးညူသံကြောင့်  ဖေဖေနှင့်မေမေက အနားသို့ရောက်လာကြသည်။

"မေမေ သားဘယ်လိုဖြစ်သွားတာလဲ?"

" သားလေး နတ်ဆရာမအိမ်မှာ မေ့လဲသွားလို့ taeminလေးက ပွေ့ပြီး အိမ်ခေါ်လာပေးတာ။ဆရာဝန်ကိုလည်း သူကိုယ်တိုင်ခေါ်ပေးခဲ့တာ။သားလေး အဆင်ပြေရဲ့လား?"

"ဟုတ် သား အဆင်ပြေပါတယ် မေမေ"

"အင်း တော်ပါသေးရဲ့ taeminလေးရှိနေလို့
မဟုတ်ရင် မေမေ ပျာယာခပ်နေတာနဲ့ ဘာလုပ်ရမှန်းမသိဘူး"

"သားကို အ့လောက်ကြီးလည်း မစိုးရိမ်ပါနဲ့
မေမေ"

မေမေ့အား ပြောနေစဉ် အခန်းတံခါးဖွင့်လာသူကြောင့် ကြည့်မိတော့ taeminဖြစ်နေသည်။လက်ထဲက ပန်းကန်တစ်ခုကို
ကိုင်လာပြီး မိမိအနားသို့ လျှောက်လာနေသည်။

"Min သတိရလာပြီလား?ဒီမှာ min
စားဖို့ ကိုယ်စွပ်ပြုတ်လေး ပြုတ်လာတယ်။
ကိုယ်သိပ်မလုပ်တတ်ပေမဲ့  အိမ်က အဒေါ်ကြီးကို လှမ်းမေးပြီးတော့ အကောင်းဆုံးလုပ်ပေးထားတယ်။minမကြိုက်ရင်လည်း နေပါစေ။ကိုယ်ပဲ"

"နေပါဦး ဘယ်သူက မသောက်ဘူးပြောနေလို့လဲ"

အခန်းထဲဝင်လာကတည်းက သူပဲ
စကားတွေဇွတ်ပြောနေတာ။ဒီလူပြောချိန်တောင်မရလိုက်။ထို့ကြောင့် သူ့စကား
မဆုံးခင် ကိုယ်ကဖြတ်ပြောလိုက်သည်။
ထိုအခါ အံ့ဩသလိုမျက်နှာနှင့် ကြည့်လာသည်။

"ဘာကြည့်နေတာလဲ?စွတ်ပြုတ်တိုက်မယ်ဆို
တိုက်လေ"

"အော် အင်း "

ကျွန်တော်ပြောလိုက်မှ စားပွဲခုံအပုလေးအား
အရှေ့သို့ချပေးကာ စွပ်ပြုတ်ပန်းကန်နှင့်တကွ လက်သုတ်ပဝါ၊ရေဘူးများပါ တင်ပေးလာသည်။taeminအား ကြည့်ပြီး jimin
ပြုံးမိသည်။ကိုယ့်ကို အသေးစိတ်ကအစ
ဂရုစိုက်ပေးတတ်သော taeminအပေါ်
Jimin အရင်တုန်းကထပ် ပိုပြီး သဘောကျလာတာတော့အမှန်ပင်။ချစ်သူအနေနဲ့တော့
မဟုတ်သေးပေ။ဖေဖေနဲ့မေမေကတော့ taemin စွတ်ပြုတ်ပန်းကန်နဲ့ ဝင်လာပြီးကတည်းက ထွက်သွားကြသည်။

More Than LifeWhere stories live. Discover now